အပိုင်း (၁၀)

2.6K 141 11
                                    

... လျှို့ဝှက်ချက်ဆိုတာ
တစ်ခါတစ်လေ သိရတာ
ကောင်းပေမယ့်...
တစ်ခါတစ်လေကျတော့လဲ...

****

ယခင်အပိုင်းမှ အဆက်...

"ဒါနဲ့... စော်ယွန်းသခင်ဆိုတာ ဘယ်သူလဲ?"

သူ့နူတ်မှ ထိုနာမည်ကို ထုတ်ပြောလာသည့် အချိန်မှာတော့... လွယ်... ဘာစကားမျှ မပြောနိုင်တော့...

သူ့ကို မကြည့်ရဲတာမို့ ခေါင်းကိုသာ ငုံ့ထားမိသည်။ ဒါကိုပင် သူကတော့ သဘောမကျစွာ ရှိနေပြီး... သူဆောင်ယူခဲသည့် သေနတ်ကို ထုတ်လာသည်။

ထို့နောက် ငြိတွယ်ရဲ့ မေးစေ့အောက်မှာ သေနတ်မောင်းဝကို ထားပြီးသည့်နောက်မှာတော့...

"ငါ မေးနေတုန်း မင်းပါးစပ်က ပြောလိုက်ရင် အဲ့ဒီကောင် သက်သာမယ်နော်။ ငါ စုံစမ်းလိုက်မှ သိရတယ်ဆိုရင်တော့... ငါ့အဆိုးမဆိုနဲ့...။"

"တကယ်... ငြိတွယ် ဘာမှမသိပါဘူး...။ သူက ဒီကျောင်းကို တက်နေတယ်ဆိုတဲ့ လူတစ်ယောက်လိုပဲ သိတာပါ။ ကျန်တာ ငြိတွယ်... တကယ်မသိပါဘူး..။ ကျေးဇူးပြုပြီး ဘာမှမလုပ်ပါနဲ့..."

"ပြီး​တော့ မင်းကို သိစေချင်တာက...ကိုယ့်ပစ်မှတ်က ဘယ်တော့မှ မလွှဲခဲ့ဖူးဘူး..."

သေနတ်ကို ကိုင်ကာ ဆန့်တန်းရင် တစ်နေရာရာကို ချိန်ရွယ်ပြီ ပြောလိုက်သည်။

"သူ့ကို ဘာမှမလုပ်ပါနဲ့နော်... သူနဲ့က ငြိတွယ်ဒီအတိုင်းပါပဲ... မထူးခြားပါဘူး...။"

ထိုအချိန်မှာတော့ သူက တဟားဟား ရယ်သွမ်းလာသည်။ ထို့နောက် မေးစေ့ကို မေ့စေကာ ကြည့်လာပြီး...

"ကိုယ်က အကြောင်းမဲ့ လူမသတ်ပါဘူး... ။ စိတ်ပါမှ သတ်တာ... အဲ... ပျင်းနေရင်လည်း သတ်တာပဲ။ ဒါနဲ့ အဲ့ဒီကောင်က မင်းကို သဘောကျနေကြောင်း ပြောထားတယ် မလား?"

စိမ်းနှင့် ငြိတွယ် နှစ်ယောက်တည်းသာ သိနေသည့် ထိုအရာကို သူက ဘယ်လိုသိနေခဲ့သည်လဲ? ရုတ်တရက်ဆိုသလို မျက်လုံးပြူးသွားပေမယ့် ဘာမှမဖြစ်ခဲ့သလိုပင် နေလိုက်မိသည်။ သူကတော့ အကဲခတ်တတ်သူပီပီ... တစ်ချက်ပြုံးကာ သူ့အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး... သောက်သည်။ ထို့နောက်... ငြိတွယ်ဘက်သို့ ကြည့်လာပြီး....

Being captured by Green.. (ongoing)Onde histórias criam vida. Descubra agora