အပိုင်း (၂၀)

1.6K 110 12
                                    

... အခုတစ်ခါတော့
မင်းကို လွှတ်မပေးတော့ဘူး
ကလေးလေး။

****

ယခင်အပိုင်းမှ အဆက်...

"ဒီတစ်ယောက်... ဒီတစ်ယောက်ရော..."

ခပ်လောလောပင် မေးမြန်းလိုက်မိသည်။ ထိုအချိန်မှာတော့ ဧည့်ကြိုကောင်တာက အနည်းငယ် အံ့သြထိတ်လန့်မှုများက အထင်းသားပင်...

ထင်သည်တော့ အလောတကြီး ဖြစ်နေသည့် မိမိပုံစံကြောင့် ဖြစ်မည်ထင်သည်။ ကိုယ့်အကြောင်းကိုလည်း ဒီဟိုတယ်ပိုင်ရှင်က သိထားပုံရသည်။

ဧည့်ကြိုကောင်တာကတော့ ကြောက်ရွံ့မှု မျက်နှာဖြင့် ကြည့်နေပြီး စကားကို ဖြောင့်တန်းစွာပင် ထွက်မလာသည့် အချိန်မှာတော့ စိတ်မရှည်တော့ဘဲ ဧည့်ကြိုကောင်တာကို လက်ဖဝါးခုံဖြင့် ရိုက်လိုက်ပြီး...

"အဲ့ဒီတစ်ယောက်ရောလို့.... ငါ မေးနေတယ်လေ..."

အနည်းငယ် မျက်နှာကို တည်ကာ ငုံ့ကာ မေးလိုက်ချိန်မှာတော့...

"ဟို... အဲ့ဒါက... ဘာများ ဖြစ်လို့ပါလဲရှင်..။ မနေ့က ဂျာ​ကြီး မအားလို့ လွှတ်ပေးလိုက်တာမို့ပါ။"

ထင်သည်တော့ သူတို့ဆီကလည်း လွယ့်ရဲ့ အကြောင်းအရာအကုန်လုံးကို သိရှိနိုင်မည့် အနေအထားက မတွေ့သည်မို့...

"ဒါဆို... ဂျာကြီး ဘယ်ရောက်သွားလဲ။ သူနဲ့ ခဏ စကားပြောချင်တယ်။"

ထိုအချိန်မှာတော့ ကောင်မလေးတွေက မျက်နှာပျက်ယွင်းစွာဖြင့်ပင်...

"ဟို... ဂျာ...ဂျာကြီးက ဒီနေ့ အလုပ်ကိစ္စရှိလို့ ညနေမှ အလုပ်ဆိုင်းဆိုပြီး ပြောထားပါတယ်ရှင့်။ တကယ်လို့ အရေးကြီးရင်... ​ဂျာကြီးဆီကို ဆက်သွယ်ပြီး ပြောပေးပါ့မယ်ရှင့်...။"

"မလိုဘူး... ငါ့ကို သူ့ဖုန်းနံပါတ်ပေး...."

ထိုအချိန်မှာတော့ ဧည့်ကြိုကောင်တာမှ မိန်းကလေးများက လိပ်စာကဒ်တစ်ခုကို visiting card တစ်ခုကို ပေးလာသည်။ ထိုကဒ်ပေါ်မှာ ရေးထားသည်က...

Daw Saint San Yay
General Manager
JL Hotel
Phone: 09---------

ထိုကဒ်မှ ဖုန်းနံပါတ်ကို မြင်လိုက်သည်နှင့် ဖုန်းကို ထုတ်ကာ ဆက်သွယ်လိုက်ပြီး ဟိုတယ်အပြင်ဘက်သို့ ထွက်လာမိသည်။ ထို့နောက် ဟိုတယ်ရဲ့ ပါကင်နေရာမှ ကားဆီသို့ သွားကာ အလောတကြီး ထုတ်လိုက်မိသည်။

Being captured by Green.. (ongoing)Où les histoires vivent. Découvrez maintenant