မျိုးအောင်

16.8K 36 0
                                    

မျိုးအောင် က စံပယ်ဖြူ တို့အိမ်မှာ အလုပ်လုပ်ပေးနေတဲ့ ကောင်လေးပါ။ အသက်က ၂၃ နှစ်အရွယ် ရှိတဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ မျိုးအောင် ကတော့ အသားညိုညိုထောင်ထောင်မောင်းမောင်းနဲ့ အကောင်ထွားထွားကြီးဖြစ်သည်။ ရုပ်ရည်ကလည်း ပြေပြစ်ကာ ချောမော ခန့်ညားသည်။

အညာသားပီပီ အလုပ်လည်းလုပ်သလို ပေါင်းသင်းဆက်ဆံရေးကောင်းတာကြောင့်
လူချစ်လူခင်ပေါများသည်။ လူငယ် ဖြစ်၍ ရံဖန်ရံခါ သောက်စားတာရှိသော်လည်း မိန်းမကိစ္စ၊လောင်းကစား အရာရာ ကင်းရှင်းတဲ့ မျိုးအောင် ကို စိတ်ဝင်စားတဲ့ မိန်းမတွေက ပေါများလှသည်။

ထိုမိန်းကလေးတွေထဲ စံပယ် လည်းအပါအဝင်ပဲပေါ့။ စံပယ် က မျိုးအောင် ထက် လပိုင်းသာအသက်ကြီးတဲ့ သူပါ။ ငယ်ငယ်ကတည်း က တွေ့ဖူး၊ဆုံဖူးကြပေမဲ့ သိပ်တော့မရင်းနှီးလှပါ။ အဲ့အချိန်တုန်းက ခံစားချက် တွေဘာမှမရှိ ခဲ့ဘူးဆိုပေမဲ့ အခုပြောင်းလဲလာတဲ့ အရာရာကြောင့် စံပယ် သည် မျိုးအောင်အပေါ် စိတ်အနည်းငယ်ယိုင်ချင်လာပါတော့သည်။

သို့ပေမဲ့ မိန်းကလေးမို့ သူ့ဘက်က မကမ်းလှမ်းရင် ဘာမှမတတ်နိုင် ငြိမ်မေရမှာဖြစ်သည်။ မျိုးအောင် အရှေ့ရောက်ပြီဆို စံပယ် မနေတတ်တော့ပါ။ မျိုးအောင်ရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲတာလည်းပါသည်။
ကျိန်းသေတာ တစ်ခုကတော့ သူမ မျိုးအောင် အပေါ်ခံစားချက်ရှိနေမိသည်။

သူကတော့ရော.....

"သမီး!"

"ရှင် အမေ"

"သြော်ခေါ်လိုက်ရတာ၊ ဘာတွေတွေးနေလဲ"

"ဘာမှမတွေးပါဘူး၊ ဘာဖြစ်လို့လဲအမေ"

"ဟိုမှာ သည်း အဖေနဲ့ မျိုးအောင် တို့ ပြန်ရောက်နေပြီ၊ ထမင်းစားဖို့ပြင်မယ်လေ"

"ဟုတ်"

..................

"မင်း အကူညီကြောင့် ဒီနှစ် တော်တော်လေး အဆင်ပြေတယ်ကွာ"

"မဟုတ်တာ ဦးလေးရာ ၊ ဦးလေး ပဲတွေကို က အထွက်ကောင်းတာဗျာ"

"ဒါကလည်းဒါပေါ့ကွာ၊ ငါတို့က က သမီး တစ်ယောက်တည်းရှိတာဆိုတော့ ဒီလို အလုပ်တွေကြတော့ ယောက်ျားသား ရှိတော့အဆင်ပြေတာပေါ့၊ ငါကလည်း အသက်ရလာပြီဆိုတော့ ငါ အတတ်နိုင်တော့ရင် အားကိုးစရာမဲ့သွားမှာလေကွာ"

Short story collectionWhere stories live. Discover now