*ခင်မေလေး မယုံနိုင်သေးပါ၊ အကိုက ဒီလိုလူစားမျိုး ဖြစ်နေသတဲ့ ဆိုတာ၊ ဟင့်အင်း ဟင့် အင်း သူ မြင်ခဲ့ ကြားခဲ့တာတွေ ကို မယုံနိုင်၊ လက်မခံနိုင်သေးဘူး၊ သို့ပေမဲ့ လည်း တစ်ဖက် အသိစိတ်က မရတော့ဘူး၊ လက်မခံ ချင်ပေမဲ့လည်း လက်ခံပေးရတော့ မယ်လို့ တွန်းအားပေးနေသည်*
"မြမြ " အဲ့ဒီအိမ်ဖော်မလေး ဒီအိမ်ကြီးကိုရောက်လာကတည်းက အကို မူမမှန်တာတွေကို ခင်မေလေး ပြန်ဆက်စပ်မိသည်။
ပြီးတော့ အကိုနဲ့ မြမြ က ဘယ်အချိန်ကတည်းက ဒီလို အခြေအနေမျိုးရောက်နေခဲ့တာလဲ။
ပြန်တွေးလို့ ကြည့်ရင်
▶▶▶▶▶▶▶
ပထမ ဆုံး (သတိမ မူခဲ့မိခြင်း)
ခင်မေလေးက ရက်ကန်းလုပ်ငန်း ပိုင်ဆိုင်သူမို့ များသောအား ဖြင့် ဆိုင်မှာပဲ တစ်နေ့တာ အချိန်ကုန်ရ သည်။
ဟော ဒီနေ့လေး အလုပ်ခဏ နားတော့ အကို(သို့မဟုတ်)ခင်မေလေးရဲ့ ခင်ပွန်းသည် ကြီး ဆီသွားပြီး နေ့လည်စာ အတူစားမယ်။
ရုံးကိုရောက်တော့ အကိုက ပြန်သွားတာမနက်ကတည်းကတဲ့ ဒီတော့ ခင်မေလေးလည်း အိမ်ကိုပြန်လာလိုက်သည်။
အိမ်ရောက်တော့
"အကို အကို!!! ခင် ပြန်လာတယ်!"
ထူးသံမကြား အိမ်ထဲတထဖြည်းဖြည်း ဝင်လာရင်း တစ်နေရာ အရောက်
"သြော် ခင် ပြန်လာပြီလား"
အောက်က သူဝတ်နေကျ ခါတိုင်း အနောက်တိုင်းဘောင်းဘီ မဟုတ်ပဲ ပုဆိုးတစ်ထည် ဝတ်ထားပြီးထွက်လာတဲ့အကို ဟာ
အပေါ်ပိုင် အင်္ကျီ မပါလာ၍ ခင်မေလေး
မျက်နှာ စူသွားသည်။သို့ပေမဲ့ အသားအရည်ညိညို၊ အရပ်အမောင်းထွားထွား၊ ကိုယ်လုံကိုယ်ထည်တောင့်တောင့်၊ အနောက်တိုင်းသားနည်းတူ ရှည်လျားတဲ့ အရပ်ကြီး ရှိတဲ့ အကိုက ခင်မေလေး မျက်လုံးထဲ ကြည့်လို့ကောင်းလှသည်။
သို့ပေမဲ့ မဖြစ် အိမ်ကူမလေး ကရှိနေတော့ မတော်တဆ အိမ်ထဲ ဝင်လာရင် မသင့်တော်၍ ပြောရပေမည်။
"အကို ဘယ်လိုပုံကြီး နဲ့ထွက်လာတာတုန်း"
"သြော် ခင်ရယ် ကိုယ် ပူလွန်းလို့ကွာ ၊ အဝတ်တွေ ချွတ်လိုက်မိတာပါ"