မျိုးအောင် နဲ့ စံပယ် သမီးရည်းစား သက်တမ်း 2နှစ်ကျော်လာခဲ့ပြီဖြစ်သည်။
တစ်ယောက်နဲ့တစ်ယောက်ကလည်း နားလည်မှု အပြည့်နှင့် ချစ်ကြသည်။စံပယ် က တခြားမိန်းမ ငယ်လေးတွေလို စိတ်ဆိုးစိတ်ကောက် ဘာမှမဟုတ်တာကို ပတ်ရစ်နေတာမျိုးမရှိ ၊ ဒီလို မရှိရအောင်လည်း မျိုးအောင်က သဝန်တိုစရာကိစ္စမျိုးတွေကို အထူးရှောင်ရှားခဲ့သည်။
တစ်ခုခုသွားစရာ၊လုပ်စရာရှိတာ ဖြစ်ဖြစ် စံပယ်ကို ပြောပြီးမှလုပ်သည်။ စံပယ် အကြိုက်တာ ဘာမှ လုပ်လေ့မရှိပါ။
ညအိပ် ညနေ ခရီးမျိုးသွားရရင်တောင် စံပယ့်ကို ပြောဆိုခွင့်တောင်းလေ့ရှိသည်။
"ကို!"
"ပြော စံပယ်"
"ကို တို့ ဘယ်နေ့သွားမှာလဲ"
"သန်ဘက်ခါလောက် စံပယ်၊ ကိုယ့် ဦးလေးက ဖက်စပ် ဆန်စက် လုပ်တာဆိုတော့ ကိုယ်လည်း လိုက်သွားပေးရမှာ"
"အင်းပါ ဘယ်လောက်ကြာမှာလဲ ကို"
"၁လခွဲလောက်တော့ကြာမယ်ထင်တယ်"
"ဟင်း အကြာကြီးခွဲရမှာပေါ့"
"ဟာကွာ၊ ဘာကို စိတ်မကောင်း ဖြစ်နေတာလဲ စံပယ် ၊ ကိုယ်တို့ ဖုန်းနဲ့လည်း ဆက်သွယ်နေလို့ရတာပဲကိုကွာ"
"ဒါကတော့ဒါပေါ့၊ အနေဝေးသွားရင်..."
"စံပယ် ကိုယ့်ကို မယုံကြည်လို့လား"
"မဟုတ်ပါဘူး ကို ရယ်"
"ဒီမှာ စံပယ် ကိုယ် က စံပယ့်ကို လက်ထပ်ဖို့အထိရည်ရွယ်ထားတာပါကွာ"
"ကို့ ကို ယုံကြည်ပါတယ်၊ ဒါပေမဲ့ ကို သွားမဲ့ အိမ်က ဟိုကောင်မလေးရှိတယ်မလား"
စံပယ် ပြောတဲ့ စကားကြောင့် မျိုးအောင်လည်း စဥ်းစားမိသွားသည်။
မျိုးအောင် ဦးလေးနဲ့ စီးပွားဖက်တဲ့ လူကြီးက
ဖအေတစ်ခု သမီးတစ်ခု နေတဲ့ လူဖြစ်သည်။ထိုလူမှာ သမီးတစ်ယောက်ရှိပါသည်။ ထိုမိန်းကလေးက ခပ်သွက်သွက်လေးဖြစ်ကာ
မျိုးအောင် ကို ပွတ်သီးပွတ်သပ် လုပ်လေ့ရှိသည်။