"ဒါဒါ့မှာ ကိုယ်ဝန် ရှိနေပြီ ကိုကို"
စာရင်း ရေးနေတဲ့ မျိုးအောင် လက်တွေ ရပ်တန့်သွားသည်။
ကြည့်လိုက်တော့ ဒါလီ က သူ့ကို မျက်ရည်လေးတွေဝေ့ကာ ကြည့်နေသည်။
"ဟို ခုရက်ပိုင်း နေသိပ်မကောင်းလို့ ဆေးခန်းသွားပြလိုက်တာ၊ ဒါဒါ့မှာ ကိုယ်ဝန် ၃ပတ်လောက် ရှိနေပြီလို့ ဆရာဝန်က ပြောလိုက်တယ်"
ဆေးမှတ်တမ်းလေးတွေပါထုတ်ပြလာသည်။
မျိုးအောင်နဲ့ရတဲ့ ကိုယ်ဝန်ဆိုတာ လက်ညှိုးထိုးမလွဲ တစ်ခါစမှားမိကတည်းက
ဒါဒါ နဲ့ မျိုးအောင် မရေမတွက်နိုင်အောင် လွန်ကြူးမိခဲ့ကြ သည်။နောက်ပိုင်းကြတော့ မျိုးအောင် ကိုယ်တိုင်ကိုက စိတ်ပါလက်ပါ နဲ့ ဆက်ဆံမိခဲ့သည်။
ဒါလီ ဘက်က မ စရင်တောင် မျိုးအောင် ကိုယ်တိုင်က ဦးဆောင် ပေးသည်အထိ နစ်မွန်းရသည်။ဒါဒါ က ခပ်သွက်သွက် မိန်းမငယ် လေးဆိုပေမဲ့ ယောက်ျားတွေနဲ့ ပလူးပလဲ နေတဲ့ အထဲမပါ။ သူမ ပက်သက် စပ်လျှက်ခဲ့ဖူးတာ
မျိုးအောင် သာရှိသည်။"ဒါဒါ တို့ဘယ်လိုလုပ်ကြမလဲ ဟင်"
"လာ ကိုယ့်နားကို"
ကိုယ့်သွေးသားကို လွယ်ထားရတဲ့ မိန်းကလေးဟာ ရှက်ရွံတုန်လှုပ်နေတာ ကြောင့် မျိုးအောင် လည်း သူ့လက်မောင်းကြီးတွေကြား ပွေ့ဖက်ထားလိုက်သည်။
"မင်း ကိုယ်နဲ့ ဆက်ဆံပြီးတိုင်း တားဆေးမသောက်ဘူးမလား"
"ဟင့် ဟင့်!!"
"မငိုနဲ့ ဒါဒါ၊ ကိုယ် မင်း ဆူပူ၊အော်ငေါက်တာတွေမလုပ်ပါဘူးကွာ၊ မေးကြည့်တာပါ၊မဖြေလည်းရပါတယ် "
"ဟင့် ဟို သောက်တဲ့အခါရှိပေမဲ့ ၊အကြိမ်ရေများလွန်းတော့ ဒါဒါ သတိမထားမိခဲ့ဘူး"
"အင်း၊ဟုတ်ပြီ ကိုယ်သိပြီမို့ မငိုနဲ့ ၊ကိုယ် မင်းကို တာဝန်ယူမှာပါ ၊ ကိုယ် နဲ့ မရေမတွက်နိုင်အောင် ဖြစ်ခဲ့မှတော့ ၊ကိုယ့် ကိုယ်ဝန်ကို မင်းလွယ်ပေးရတာပေါ့၊ ကိုယ် မင်းကိုလက်ထပ်မှာပါကွာ မငိုနဲ့ "
"ဟုတ်!!"
.....................
"ကိုယ် တောင်းပန်ပါတယ် စံပယ်၊ ကိုယ် သူ့ကို တာဝန်ယူမှ ရတော့ မှာမို့လို့ပါ"