မျိုးအောင်

11.4K 24 0
                                    

လမ်းမထက် ရွေ့လျားနေတဲ့ကားအနက် မှာ ပြင်းထန်စွာရွာသွန်းတိုက်ခတ်နေတဲ့ မိုးတွေလေတွေကြား သွားလာရမကောင်းပါ။

"ကျစ်! မိုးကလည်းသည်းလိုက်တာကွာ"

"ဟင့်!"

ဘေးက တရှုံ့ရှုံ့ငို နေတဲ့ မိန်းကလေးကြောင့်

"ကျစ်!ဒါလီ မငိုနဲ့ ၊ မင်းကို အော်လိုက်မိတာsorry"

"........."

"ဟား ကားက ဘာလဲကွာ လီး!၊ ဆီကုန်ပြီ"

မူးမူးရူးရူးဖြစ်နေတဲ့ မျိုးအောင် ဆီမကြည့်မိတာမှာပြီ။

ရှေ့နားမှာ က motelအသေးစားလေးသာတွေ့သည်။

ဆီဆိုင်မရှိ ။ အိမ်က ပြန်ရမှာဝေးသည်။ ဝေးရာမှာရှိဖို့ အဝေးမှာနေတာကို လိုက်ချလာသည်။ အချိန်ခါက နှောင်းနေပြီမို့
တည်းမှရတော့မည်။

"ဒါလီ ရော့ဒီမှာထီး ရှေ့က motelမှာ အခန်းငှားပြီးဒီညအဲ့မှာနေလိုက်"

ထီးကို လက်ထဲ ထည့်ပေး၍ အပြင်ထွက်ဖို့
ကားတံခါးဖွင့်တော့

တိုက်နေတဲ့ ေလကြောင့် motelတောင်မရောက် သူမ ပါလေထဲလွင့်သွားမှာသေချာ၏။

"ငါ လိုက်ပို့မယ်"

ဒီလိုနဲ့ နှစ်ယောက်လုံး ရောက်လာခဲ့သည်။
မျိုးအောင်ကတော့လုံးဝရွှဲတာပေါ့။

"မင်္ဂလာပါ၊ အကိုနဲ့ ညီမလေး"

"ဟုတ်၊ တစ်ယောက်အိပ်ခန်းတစ်ခုလို ချင်လိုဗျ"

"မရှီတော့ဘူး အကိုရဲ့ နှစ်ယောက်အိပ် အခန်းပဲရမယ်"

"အဲ့ဒါပဲပေးပါ"

သော့ရသည်နှင့်

"ရော့ဒီမှာ သော့"

"ကိုကိုကရော"

"ကားထဲမှာနေလိုက်မယ်"

"အကို ရယ် သူက မိန်းကလေးလေတစ်ယောက်တည်းနေရဲမလား၊ ကြောက်မှာပေါ့၊အကိုပါ တည်းလိုက်လေ"

လူက သောက်ထားတဲ့ အရှိန်ကြောင့် အတော် မှိန်ချင်နေပြီ

"ကျစ် သွားမယ်ကွာ"

Short story collectionWhere stories live. Discover now