ဒါလီ အရမ်းပျော်နေသည်။ ဘာလို့လဲ ဆိုတော့ ဒီနေ့ အိမ်ကို အထူးဧည့်သည် လာမည်ဆိုသောကြောင့် ပျော်နေမိသည်။
တခြားလူတော့ မဟုတ် ဒါလီ စွဲလမ်းနေရတဲ့
အမျိုးသား တစ်ယောက် ပါ။အနာဂါတ် သတို့သား လောင်းကြီးပေါ့။ အဖက်ဖက်က ပြည့်စုံတဲ့ ကိုကို က ဒါလီ့ ကိုတော့
ခပ်စိမ်းစိမ်းသာ ပြောဆိုဆက်ဆံသည်။ဒါလီ နဲ့ သူနဲ့ အချစ်ရည်လူး ခဲ့တဲ့ ညကို ဒါလီမှတ်မိနေသေးသည်။ ဒါလီ့ ခန္ဓာကိုယ်လေး ကို အကြမ်းပတမ်းကိုင်ကာ ဆက်ဆံခဲ့သည့်ကိုကို က မနက်ကျတော့ သူမဟုတ်သည့်အတိုင်း ပူပင်နေလိုက်တာများ ဗိုက်ကြီးမည့် မိန်းကလေးဖြစ်တဲ့ ဒါလီ ထက်ပိုဆိုးသည်။
ထိုအချိန်ကတည်း က ကိုကို့ မျိုးဆက်ကို လွယ်ပြီး ကိုကို့ ကို အကြပ်ကိုင်မယ်ဆိုရင်
ကိုကို့ မယားလေး ဖြစ်နေလောက်ပြီ။ဒါပေမဲ့ ဒါလီကိုယ်တိုင်ကလည်း ပညာစုံအောင် သင်ချင်တာရယ် ကိုကို့ ကိုလည်း နာမည် မပျက်စေချင်တာကြောင့် လွှတ်ထားခဲ့သည်။
နောက်တစ်ခု ဟန့်တားနေတာက ကိုကို့မှာ
ရည်းစားရှိနေသည်။ ဒါပေမဲ့လည်း ဒါလီ ဂရုမစိုက် မိန်းမယူထားတာမှ မဟုတ်တာ သူပိုင်ရင် သူနိုင် အောင်ခြံ ခတ်ပေါ့။ဒီတစ်ခါတော့ ကိုကို ဒါလီကို့ မဖြစ်မနေလက်ထပ်ရမယ့် အထိဖြစ်အောင် လုပ်ရမယ်။
"ဒါလီ!"
"ရှင် ဒယ်ဒီ"
"ဒီမှာ မောင် မျိုးအောင်တို့ ရောက်နေပြီ၊ ဆင်းတွေ့ပါဦး"
"ဟုတ်ကဲ့ ဒယ်ဒီ"
ဒီလို နဲ့ ဒါလီ တစ်ယောက် အောက်ထပ်ကို ဆင်းလာသည်။
ဒါလီ ကpajamas အဖြူ အပေါ် အောက် ဝမ်းစပ်ကို တွဲဝတ်ထားကာ အပြင်အဆင်မရှိတဲ့ မျက်နှာနဲ့အောက်ဆင်းလာသည်။
ဆံပင်က ဒိုင်ယာနာကေလေး ညှပ်ထားကာ
ရှုပ်ပွနေတာမျိုးမရှိပါ။အောက်ထပ်ရောက်လာတော့ ဒယ်ဒီ နဲ့ ကိုကိုတို့ တူရီး တွေက စကားပြောနေကြသည်။
ကိုကိုက လည်ကတုံးလက်ရှည် အဖြူနဲ့ ပုဆိုးအဖြူအနက်ကွက်စိတ်ကို တွဲဖက် ဝတ်ဆင်ထားကာ ကျက်သရေရှိလှသည်။