မလွမ်းရလည်း မလွမ်းချင်

4.9K 20 1
                                    

ရှေးခေတ် ကိုရီးယား စာဆိုတော်များထွန်းကား ရာ မင်းဆက်တစ်ခု အုပ်စိုးစဥ်ကာ လဖြစ်သည်။

မိဘုရား တစ်ပါးမှ ဖွားမြင်သည့် သားတော် တစ်ပါးသာ ထွန်းကားသည့် ​မင်းကြီးသည်
အိမ်ရှေ့စံ ကိုယ်တော်လေးအား အထူးဂရုစိုက် ပျိုးထောင်ရှာသည်။

မင်း​ကြီး သက်တော် ၄၅နှစ် တွင်ဖွားမြင်သော သားတော် အိမ်ရှေ့စံ သည် နန်းလျာခံထားရသူ မင်းသားဖြစ်၍ အစစအရာရာ တတ်ကျွမ်း ပြည့်စုံအောင် သင်ယူလေ့လာရသလို အရာရာကို လိုလေသေးမရှိအောင်
ရရှိခဲ့သည်။

အိမ်ရှေ့စံ သက်တော် 10နှစ်

ပြည်နယ်တစ်ခုကို တိုက်ခိုက်သိမ်းပိုက်ရာ ရရှိသည့် စစ်သုံ့ပန်းများအနက် စာဆိုတော် အမြောက်များ ပါလာခဲ့သည်။

ထိုထဲတွင်

"အပျိုတော်Yoon ကို ကိုယ်တော့် အဆောင်တော်ကို လွှတ်လိုက်ပါ"

စာဆိုမိန်းမငယ်လေး ကို အိမ်ရှေ့စံမှ အထူးခင်မင်ရင်းနှီးကာ မျက်နှာသာပေးလွန်းသည်။

"မင်း က တကယ် စာပေမှာ ထူးချွန်တာပဲ၊ ကိုယ်တော်တောင် စာပေတွေ ကို အဲ့လောက်မကျွမ်းကျင်ဘူး၊ ကိုယ်တော်က စစ်ဖက်ဆိုင်ရာကို ပိုအားသာတယ်"

"ချီးမြှောက်မှုအတွက် ကျေးဇူးပါ"

"ကိုယ်တော်ကို ရင်းရင်းနှီးနှီး ပြောဆိုလို့ရပါတယ် အပျိုတော် Yoon"

"အာ ဟုတ်ကဲ့!ပါ အရှင့်သား"

"ရော့ မင်းအတွက်"

"ရှင်!"

သူမထံ ရောက်လာတဲ့ မုန့်အချိုသေတ္တာ လေးကို အပျိုတော်လေး ကြောင်ကြည့်နေမိစဥ်

"ယူပါ! ကိုယ်တော်က မင်းစားဖို့ မှာထားပေးတာ"

"ဟုတ်ကဲ့!၊ ကျေးဇူး တင်ပါတယ် အရှင့်သား"

သို့နှင့် ရင်းနှီးသထက် ရင်းနှီးလာခဲ့သည်။
မိန်းကလေး တွေနဲ့ အဆက်အယှက်မရှိလောက်အောင် ကင်းလွတ်တဲ့ အိမ်ရှေ့စံဟာ
အပျိုတော်Yoon လေးကိုတော့ ရင်းနှီးဖော်ရွေကာ စာပေလေ့လာရာတွင် ကူညီစေသည်။

You've reached the end of published parts.

⏰ Last updated: Sep 26, 2024 ⏰

Add this story to your Library to get notified about new parts!

Short story collectionWhere stories live. Discover now