1

245 27 10
                                    

<< UNicode >>

Sugar ^^

တံခါးဖွင့်သံကြားတာကြောင့် ဟယ်ချန်းနဲ့ရွမ်ကျွင့်တို့ တံခါးဘက်ကို တစ်ပြိုင်ထဲကြည့်လိုက်မိသည်။တံခါးပွင့်သွားပေမယ့် အိမ်ထဲ၀င်မလာသေးပဲ အပြင်မှာပဲမက်တက်ရပ်နေတာကြောင့်  ရွမ်ကျွင့်မျက်မှောင်ကျုံ့လိုက်ရင်း

" ချန်းလော့လော့ မင်းအိမ်ထဲမ၀င်ပဲဘာလုပ်နေတာလဲ? "

ရွမ်ကျွင့်ပြောတော့ ခေါင်းငိုက်စိုက်လို့ လျော့တိလျော့ရဲခြေလှမ်းတွေဖြင့် အိမ်ထဲ၀င်လာသည်။ဖိနပ်ချွတ်နေရာမှာ ဖိနပ်ကိုမချွတ်ပဲ ၀င်လာတာကြောင့်အသန့်ကြိုက်တဲ့ရွမ်ကျွင့်က ချန်းလော့အနားအမြန်သွားလို့ အိမ်ပေါ်ရောက်နေတဲ့ချန်းလော့ကို ဖိနပ်ချွတ်နေရာသို့ ပြန်တွန်းထုတ်ပြီး တားမိသည်။

" ဖိနပ်ချွတ်အုံးလေ "

ရွမ်ကျွင့်စကားအဆုံး ချန်းလော့က ဖိနပ်ချွတ်နေရာမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး အကျယ်ကြီး ငိုချတော့သည်။ဖိနပ်ချွတ်ခိုင်းတာကို ရုတ်တရက်ကြီးထငိုပစ်တဲ့ကလေးကြောင့် ရွမ်ကျွင့်ခဗျာ ပြာသွားရသည်။TVကြည့်နေဆဲ ဟယ်ချန်းကလဲ ချန်းလော့ငိုသံကြားတာနဲ့ အနားသို့ရောက်လာပြီး ပြာပြာသလဲမေးသည်။

" ကလေးကဘာလို့ အဲ့လောက်ငိုနေရတာလဲ? "

ဟယ်ချန်းအမေးကို ရွမ်ကျွင့်က ခေါင်းခါပြသည်။

" ချန်းလော့လော့ ငိုမနေပဲ ဘာဖြစ်လာတာလဲအရင်ပြော! "

ရွမ်ကျွင့်ရဲ့ခပ်မာမာအသံအဆုံးမှာ ချန်းလော့ရဲ့ ငိုရင်း​ပြောလာတဲ့ စကားလုံးလုံးတို့ကထွက်ပေါ်လာခဲ့သည်။

" နူနာက ကျွန်တော့်ကို ထားသွားပြီ "

" ဟမ် ! "

" ဟမ် ! "

ချန်းလော့ရဲ့စကားကြောင့် ဟယ်ချန်းနဲ့ရွမ်ကျွင့် တစ်ယောက်ကိုတစ်ယောက်ကြည့်မိသည်။သူတို့ညီလေးက အသည်းကွဲနေသတဲ့။

ရွမ်ကျွင့် ၊ဟယ်ချန်း နဲ့ချန်းလော့တို့ဟာ ၀မ်းကွဲညီအကိုများဖြစ်ကြသည်။မိဘတွေက မွေးရပ်မြေမှာပဲနေကြပြီး သူတို့သုံးယောက်ကတော့ ဆိုးလ်မှာကျောင်းလာတက်ခြင်းဖြစ်သည်။ဟယ်ချန်းနဲ့ရွမ်ကျွင့်က အတန်းတူပြီး ချန်းလော့ကတော့ သူတို့ထက်တစ်နှစ်ငယ်သည်လေ။ သူတို့ထဲမှာ အငယ်ဆုံးကအရင်ဆုံးစွံသွားခြင်းပင်။သို့ပေမယ့် ချန်းလော့ထက်အသက်ကြီးပြီး ချန်းလော့အပေါ် သြဇာညောင်းလွန်းသည်မို့ ရွမ်ကျွင့်တို့က ထိုမိန်းကလေးကို သဘောမကျပေ။

SugarWhere stories live. Discover now