5

112 22 7
                                    

<< UNicode >>

Sugar^^

ကြမ်းခင်းမှာတင် ခြေဆင်းထိုင်လို့ အ၀ငိုပြီးသကာလ ရှိုက်သံယဲ့ယဲ့နဲ့ကလေးကို ဂျယ်မင်းကဆွဲထူပေးသည်။ပြီးတော့ လှေကားခြေရင်းထိ ခေါ်လာခဲ့ပြီးမှ

" ဘေဘီချန်း ဦးရဲ့အခန်းထဲမှာ မင်းအတွက် အင်္ကျီရှိတယ်၊ ၀တ်ပြီး ဦးကိုစောင့်နေပေး "

ဂျယ်မင်းက ပြောသည့်အခါ ရှေ့က အကောင်ပေါက်က မျက်စောင်းခဲလာလေသည်။မျက်ရည်စတွေတည်နေတဲ့ မျက်တောင် ဆင်းဆင်းလေးတွေ။မကျေနပ်ဟန် အောက်နှုတ်ခမ်းလေးကိုကိုက်ခဲထားသေးသည်။

' ကျစ်! ဒီကလေးကတော့ အဲ့လောက်တောင် ချစ်ဖို့ကောင်းဖို့ လိုလ်ို့လား? '

" နာဂျယ်မင်းရှီ! ကျွန်တော် အခန်းထဲကိုမ၀င်ရဲပါဘူး တော်ကြာ ပစ္စည်းတစ်စုံတစ်ရာ ပျောက်ခဲ့သည်ရှိသော် ကျွန်တော့်ကြောင့်ဆိုပြီး အကြွေးပြန်တောင်းမှာကို ကြောက်ရွံ့မိပါတယ် "

ထိုစကားကြောင့် ဂျယ်မင်းက ခပ်ဟဟရယ်မိသည်အထိ။ဒီ ဂျစ်တက်တဲ့စိတ်နဲ့ ကလေးက တစ်မျိုးလေး အူယားဖို့ကောင်းနေပြန်တာမျိုး။

" ဦးပြောမယ် သေချာနားထောင်ပေး"

"..."

" ဦးနဲ့တွဲနေသ၍တော့ ဘေဘီချန်းကဟေ့ာဒီ့အိမ်တစ်ခုလုံးကို လက်ညှိုးထိုးပြီး ရောင်းစားပစ်လိုက်မယ်ဆိုရင်တောင် ဦးကဘာမှပြောမှာမဟုတ်ဘူး၊ အရာရာ ဘေဘီချန်းရဲ့စိတ်ကြိုက်လုပ်ဆောင်ခွင့်ပေးတယ် "

"......"

" ဦးပြောတာ နားလည်လား? "

"ဘာမှနားလည်မနေဘူး! ဦးက မတွဲတော့ရင် အဲ့အကြွေးပူတွေကို အကုန်ပြန်တောင်းမှာပဲ! "

" ဒါက အကြွေးပူမဟုတ်ပါဘူး ၊ဦးနဲ့ ဘေဘီချန်းကိုခိုင်မြဲစေချင်လို့ ဆက်သွယ်ပေးတဲ့ ကြိုးတစ်ချောင်းသက်သက်ပဲလေ "

ထိုစကားကြောင့် ချန်းလော့က ရှုံ့မဲ့မိသည်။

' ဒီနာဂျယ်မင်း ပြောသမျှက အပိုတွေပဲ! '

" ကဲ အပေါ်တက် "

လှေကားပေါ် အတင်းတက်ခိုင်းနေလို့ကို ချန်းလော့က မတက်ချင်တာ။ပေကပ်ကပ်နဲ့ရပ်နေမိတော့ ချန်းလော့ပေါင်ရင်းတစ်၀ိုက်ကနေ ပွေ့ယူလို့ ပုခုံးပေါ်ထမ်းတင်ပစ်လေရဲ့။

SugarWhere stories live. Discover now