<< UNicode >>
Sugar^^
အလုပ်ချိန်ကြီး ဦးထံမှ ဖုန်း၀င်လာတာကြောင့် လက်ထဲက ဗန်းကို အမြန်ချလို့ အပြင်ဘက်ကို အမြန်ပြေးထွက်ရတော့သည်။ဆူညံသံတွေ မရှိတော့တဲ့ နေရာကျမှ ပြေးထားလို့မောဟိုက်နေတာတွေကို အရင်ဖြေဖျောက်ရသေးသည်။
/ ဟယ်လို /
/ဘေဘီချန်း ဒီနေ့ရော ဘာအကြောင်းပြအုံးမှာလဲ? /
တစ်ဖက်က ဦးရဲ့အပြောကြောင့် ချန်းလော့ရှုံ့မဲ့မိတော့သည်။ အိမ်က အီဟယ်ချန်းကလဲ အလုပ်ချိန်ကို လုံး၀မပြောင်းပေးတာ ။ချန်းလော့ ဆိုသည်မှာလဲ ဦးကို အကြောင်းအမျိုးမျိုးပြပြီး ကျောင်းလာကြိုမခံတာ သုံးရက်ရှိသွားပြီ။
/ ဦးကို မနေ့က ပြောတယ်မလား? ရွမ်ကျွင့်နီးဖျားနေတာလေ ဟယ်ချန်းနီးက အလုပ်ခွင့်မရလို့ ကျွန်တော်ကပဲ စောင့်ရှောက်ပေးရမှာမို့ အစောပြန်သွားတယ်ဆိုတာလေ /
/အွန်း အဲ့တော့ /
/ အဲ့တာ သူ့အဖျားက သားဆီကို ကူးလာတာပါဆို အခု သားနေမကောင်းဘူး ကျောင်းဆက်မတက်နိုင်လို့တောင် နေ့တစ်၀က်နဲ့ပြန်လာရတာ /
ချက်ချင်း ကျွန်တော်ကနေ သားဖြစ်သွားပြန်တဲ့ ချန်းလော့ပါလေ။
/ နေမကောင်းဖြစ်နေတာ ဦးကို ဘာလို့မပြောတာလဲ ? /
/ဦးက အရေးကြီး အစည်းဝေးကိစ္စနဲ့ လုံးပမ်းနေရတာကို သားက ဘယ်လိုပြောရက်မှာလဲ? /
အသံသေးသေးလေးဖြင့် ပြောမိသည့်အခါ ဦးက တစ်ဖက်မှာ ဘယ်လိုဖြစ်နေမယ်မှန်းမတွေးတောတက်။အရမ်းပဲ စိုးရိမ်နေမလား? ချန်းလော့ရဲ့အလိမ်ညာတွေက ဦးကို ဒုက္ခတွေ့စေပြီလား?
/ အရေးမကြီးဘူး၊ ဘေဘီချန်းနဲ့ယှဥ်ရင် အဲ့တာတွေက အသေးမွှားပဲလေ /
/..../
/ဦးကို စောင့်နေ အိမ်ကို ချက်ချင်းလာခဲ့မယ် /
ဗုဒ္ဓေါ! အခုချိန်က အစည်းဝေးချိန်နဲ့နီးနေတာသိတာမို့ အစည်းဝေးကိုဖျက်ပြီး တော့ အိမ်ကိုမလာလောက်ဘူး အထင်နဲ့ အာချောင်မိတာ။ ဦးသာ အိမ်ရောက်သွားလို့ကတော့ မတွေးရဲစရာပင်။ကြောက်စရာအတွေးတွေကြောင့် အကြောက်အကန်သာ ပြန်ပြောမိတော့သည်။