8

135 17 11
                                    

<< UNicode >>

Sugar^^

ဘေးဘက်သို့ အစုလိုက်စီးနှောင်ထားတာတောင်မှ လိုက်ကာစ အဖြူလေးဟာ တလွင့်လွင့် ၊ မှန်သားအကြည်ကို ဖောက်ထွင်းလို့ နေရောင်ခြည်နွေးနွေးဟာ အခန်းထဲ ကျရောက်နေသည်။ကြည်လင်တဲ့ကောင်းကင်ပြာအောက်က လှပနေတဲ့ ရှူခင်းအားလုံးဆီ ဘေးတိုက်အနေထားဖြင့်ထိုင်နေတဲ့ ဂျယ်မင်းက လက်ထဲမှာဖတ်လက်စ စာအုပ်လေးရှိနေခဲ့သည်။အိပ်ယာထက်က လူးလွန့်နေတဲ့ ကောင်လေးကို တစ်ချက်အကြည့်ပို့မိသည့်အခါ မျက်နှာထက် ဖြတ်သန်းသွားတဲ့ ပြုံးရိပ်ယောင်လေး။အချစ်ဆိုတာ ခဏခဏ လူကိုကြည်နူးစေတာမျိုးလား? ။ တစ်ခဏ စာအုပ်ဆီ အာရုံပြန်လွှဲပြီး နှစ်မျက်နှာလောက် ဖတ်အပြီးမှာ လက်မှာပတ်ထားတဲ့နာရီ ထံအကြည့်ပို့ရသည်။အိပ်ပုတ်ကြီးတဲ့ကလေးလေးက ငါးမိနစ် အချိန်ပို ထပ်တောင်းအိပ်နိုင်အောင်လို့ ၁၀မိနစ်ကြိုနှိုးပေးရမည်မလား?

" ဘေဘီချန်း ကျောင်းချိန်နီးနေပြီ ထတော့လေ "

" ....."

" ဘေဘီချန်း "

ဂျယ်မင်းရဲ့နှိုးသံအဆုံးမှာ မနက်ခင်းအသံအစ်အစ်လေးက ခပ်တိုးတိုး ထွက်ပေါ်လာသည်။

"နောက်ထပ် ၅၉မိနစ်လောက်ပဲ အိပ်ခွင့်ပေးပါနော် "

ထိုစကားကြောင့် ဂျယ်မင်းမယ် ရယ်ရခက် ငိုရခက်ဖြစ်ရသည်။တော်သေးတယ် တောင်းဆိုလာသည်က တစ်နာရီ အပြည့်မဟုတ်လို့ ။ ဂျယ်မင်း ခေါင်းတခါခါဖြင့်သာ ရယ်မိပါတော့သည်။ 1နာရီ မတောင်းဆိုလာတာကိုပဲ ဂျယ်မင်းက ကျေးဇူးတင်ရမည့်ပုံပင်။ဖတ်လက်စ စာအုပ်ကို ပိတ်လို့ ထိုင်ခုံပေါ်ကထကာ ကုတင်ထက်က ကလေးဆီသွားရတော့သည်။

" ကလေးလေး ထတော့လေ ဦးကအလုပ်သွားရင်း တစ်ခါထဲ လိုက်ပို့မို့"

" ....."

"ဦးကို အလုပ်နောက်ကျစေချင်တာလား? အလုပ်ချိန်မလေးစားတဲ့ အထက်လူကြီးတစ်ယောက် ဖြစ်စေချင်တာလား? ဘေဘီချန်း "

ထိုအခါမှ လက်တွေ ဆန့်တန်းပေးလာတဲ့ ဂျစ်တူး။ဂျယ်မင်း ကြည်ကြည်နူးနူး ပြုံးလိုက်မိသည်။ဘယ်လောက်ဆိုးဆိုး ဂျယ်မင်း ထိခိုက်နစ်နာစေရမယ့် အဖြစ်မျိုးကိုတော့ မလိုလားတဲ့စိတ်ဓာတ်လေးရှိတယ်မလား?

You've reached the end of published parts.

⏰ Last updated: Sep 18 ⏰

Add this story to your Library to get notified about new parts!

SugarWhere stories live. Discover now