<< UNicode >>
Sugar^^
" ဟယ်ချန်းနီးရေ ဆေးသောက်ဖို့ အစာ၀င်အောင်တော့ နည်းနည်းလာစားအုံး "
ထမင်းစားခန်းထဲမှာ ပြင်ဆင်နေတဲ့ ရွမ်ကျွင့်က လှမ်းပြောခြင်းဖြစ်သည်။မနက်ထဲက ခေါင်းကိုက်နေတဲ့ ဟယ်ချန်းက ဆေးမသောက်ပဲ ပေတေနေရင်းက ပိုဆိုးလာမည့်ပုံမို့ ဆေးတိုက်ရန် အစာအရင်ကျွေးရပေတော့မည်။
" ချန်းလော့လော့ အခန်းထဲကထွက်လာပြီး ထမင်းလာစား! ငါ နှစ်ခါမခေါ်ချင်ဘူးနော် "
မနေ့ညက ဘာအရူးထမှန်းမသိ အလုပ်လုပ်ချင်တယ်ဆိုပြီး ပြောလာတာမို့ဆူထားရခြင်းကို အခန်းထဲပဲ နေပြီး ကောက်တော်မူနေခြင်း။ အန်တီလေးကလဲ လတိုင်း မုန့်ဖိုးပို့တယ်၊ ရွမ်ကျွင့်နဲ့ဟယ်ချန်းကလဲ လိုလေသေးမရှိရအောင် ထားတယ် ၊ဒါက မလောက်ငဘူးပဲထား အကိုဂျယ်မင်းကတော့ သူ ဒါဆို ဒါ အလိုလိုက်အကြိုက်ဆောင်ပေးနေခြင်းမလား? ဒါကို ဒင်းက ပိုက်ဆံထပ်ပြီး လိုအပ်နေသေးတာလေ။ချော့မော့ပြောတော့လဲ မရတာမို့ နောက်ဆုံး ဟျောင်းနဲ့တိုင်မယ်ဆိုမှသာငြိမ်ကျသွားတာ။ အင်း....ငြိမ်လက်စနဲ့ ဆက်ငြိမ်နေပေးဖို့တော့ ဆုတောင်းရမှာပဲ။
ဆူပုတ်ပုတ်နဲ့ ထွက်လာတဲ့ချန်းလော့က စောင့်အောင့်လို့ ထမင်း၀ိုင်းတွင် ၀င်ထိုင်လေရဲ့။
" ဟယ်ချန်းနီးက ခေါင်းကိုက်ပြီး နေမကောင်းချင်ဖြစ်နေတာ သူ့အကြောင်းသိတယ်မလား နေမကောင်းဖြစ်ရင် စိတ်တိုလွယ်တာကို၊ မနေ့ညကအကြောင်း မစမိစေနဲ့ ဟိုက ထထက်ရိုက်ရင် ငါလဲ မဆွဲနိုင်ဘူးနော်"
ဟိုတစ်ယောက်မလာခင် မှာစရာရှိတာမှာထားရသည်။မဟုတ်ရင် ဒင်းလေးအကြောနဲ့ လွယ်မှာမဟုတ်ဘူး။
ထမင်းစား၀ိုင်းတွင် ဆူပုတ်နေတဲ့ ချန်းလော့နဲ့ ဟယ်ချန်းက ဘေးချင်းကပ်ထိုင်ပြီး ရွမ်ကျွင့်က မျက်နှာချင်းဆိုင်ဖြစ်သည်။ဒင်းတို့နှစ်ယောက်ကို အရိပ်ကဲကြည့်နေရတာလဲ မလွယ်လှပါ။
ချန်းလော့ကတော့ ပန်းကန်ထဲက ထမင်းတွေကို ဇွန်းဖြင့် ဆွလို့ သက်ပျင်းတချချဖြစ်နေတော့သည်။