<< UNicode >>
Sugar^^
ချန်းလော့ နိုးလာတော့ ဦးကိုမတွေ့တော့တာမို့ ဆူပုတ်မိပါသည်။
"မနက်ရောက်တဲ့အထိ ရှိနေပေးစေချင်တာကို~ ဦးက လူဆိုးပဲ! "
" ချန်းလော့လော့ နိုးပြီလား? "
ပြောပြောဆိုဆိုနဲ့ အခန်းထဲ၀င်လာတဲ့ ရွမ်ကျွင့်နီးက ချန်းလော့ရဲ့ နဖူးကိုခပ်ဖွဖွ လေးထိတွေ့စမ်းသပ်လာလေရဲ့။
" ကိုယ်ငွေ့နည်းနည်းပဲရှိတော့တယ် ၊ကလေးလေး မင်း သက်သာလာပြီ "
" ဟုတ် ဒါနဲ့ ဟယ်ချန်းနီးရော ? "
"ကျောင်းသွားတယ်လေ "
" ရွမ်ကျွင့်နီးကရော "
" မင်းကြောင့် ခွင့်ယူထားရတာပေါ့ "
ရွမ်ကျွင့်ပြောတော့ ကုတင်ထက်က ကလေးလေးက မျက်နှာလေးညှိုးကျသွားတာမို့ ရွမ်ကျွင့်ခဗျာ ပြာပြာသလဲပင်။ခန္ဓာကိုယ်ကနုံးနယ်ပင်ပန်းပြီးနာကျင်နေရမှာမို့ သူတို့အိမ်က ကလေးလေးကို ထပ်ပြီး စိတ်ပိုင်းဆိုင်ရာ အနာကျင်မခံစေချင်တာကြောင့်ပင်။
" ဘာလို့လဲ? အတန်းပျက်ရအောင်လုပ်မိတယ်ဆိုပြီး ငါ့ကို အားနာနေတာလား? ကျောင်းက ငါတို့အိမ်က ချန်းလော့လော့လောက် အရေးမကြီးလို့ အနောက်ပို့လိုက်တာ၊ အားနာမနေနဲ့လေ "
ရွမ်ကျွင့်စကားအဆုံး ချန်းလော့က မ၀ံ့မရဲအမူအယာဖြင့် အောက်နှုတ်ခမ်းကိုလဲ ဖိကိုက်ထားလေရဲ့။ပြီးတော့ ရွမ်ကျွင့်ထံ မျက်နှာငယ်လေးဖြင့် မော့ကြည့်လို့ မချွဲတချွဲလေးပြောလာလေသည်။
" သားက ဦးဆီသွားချင်တာ "
" အွန်း သွားလေ "
" ဒါမဲ့ ရွမ်ကျွင့်နီးက သားကြောင့် အတန်းတောင်ပျက်ထားတာကို သားက ရွမ်ကျွင့်နီးကို ဘယ်လိုထားခဲ့ရက်မှာလဲ?"
တသားသား နဲ့ဖြစ်နေတဲ့ ချန်းလော့လော့က နောက်ဆုံးလက်နက်ကိုထုတ်သုံးလာမှတော့ ရွမ်ကျွင့်က ဘာတက်နိုင်ဦးမှာတဲ့လဲ။ အမြင်ကပ်ကပ်နဲ့ တင်ပါးကို သုံးချက်လောက်သာ ပိတ်ရိုက်ပစ်လိုက်ချင်တော့သည်။