3

175 23 7
                                    

<< UNicode >>

Sugar^^

" ချန်းလော့လော့ မင်းဆံပင်တွေ ! "

ချန်းလော့အိမ်ထဲ၀င်လာပြီးချက်ချင်းပဲ ဟယ်ချန်းနီး ဆီက အံ့သြစွာ ရေရွတ်သံကိုကြားလိုက်ရသည်။

ဟယ်ချန်းက ဘေးနားရောက်လာတဲ့ ချန်းလော့လော့ ကို ဆိုဖာပေါ်ဆွဲချလိုက်ပြီး ဆံပင်တိုတိုကပ်ကပ်နဲ့ ကလေးလေးကိုဆွဲဖက်မိတော့သည်။ပြီးတော့ လက်တွေက ဆံပင်နီရဲရဲလေးတွေမှာ ပွတ်သပ်နေသည်။ ခေါင်းကဆံပင်တွေကို ဖွနေတာကြောင့် ချန်းလော့က ဟယ်ချန်းနီးရဲ့လက်တွေကိုပုတ်ထုတ်ပစ်သည်။အဲ့တာလဲ ဟယ်ချန်းက ထိုဆံပင်ရဲရဲလေးတွေထံသို့ လက်ပြန်ပ်ို့လို့ အူတယားယားဖြစ်နေတော့သည်။

" ဟာ ဟယ်ချန်းနီး! "

စိတ်ရှုပ်လာတာကြောင့် အော်ဟစ်မိကာမှ ပိုဆိုးတော့သည်။

" အိုက်ရီဂူး တို့အိမ်က ကလေးလေးက ချစ်စရာလေးပါကွာ "

အရှေ့ကညီအကို နှစ်ယောက်ရဲ့ အသံကြောင့် ရန်ဖြစ်နေတယ်အထင်နဲ့ ဖြေရှင်းပေးဖို့ အခန်းထဲကထွက်လာတဲ့ ရွမ်ကျွင့်က ချန်းလော့ကိုမြင်ပြီး နောက်ပိုင်းမှာတော့ ဟယ်ချန်းteamရောက်သွားရတော့သည်။

အခုဆို ချန်းလော့ကို vdလိုက်ရိုက်နေတဲ့  ဟယ်ချန်း နဲ့ ဖုန်းကင်မရာကို ရှောင်ရှားနေရတဲ့ ချန်းလော့ပါလေ။ရွမ်ကျွင့်ကတော့ သူတို့အိမ်ကအငယ်ဆုံးလေးကို အသည်းယားစွာ မျက်လုံးမခွာနိုင်ဖြစ်နေရသည်။

" ဟာ! ဟယ်ချန်းနီးလို့ စိတ်တိုလာပြီနော် "

" ဘာလဲ ခွေးနီလေးက သွားတွေယားနေပြီလား? အဲ့တာဆိုလဲ လာကိုက်လေ "

ဟယ်ချန်းကစလေလေ  ဒေါသတွေနဲ့ချန်းလော့က မျက်နှာရဲတက်လာလေလေပါပဲ။

"ရုပ်ဆိုးနေလို့ မရိုက်ပါနဲ့ဆိုတာကိုဟာ "

" ဒီvd ဟျောင်းကို ပြရမယ် ! "

ဟယ်ချန်းနီးရဲ့စကားအဆုံးမှာတော့ ချန်းလော့က ကင်မရာကိုလိုက်လုတော့သည်။ဟယ်ချန်းကလဲ ကင်မရာကိုချန်းလော့ထံ ချိန်ရွယ်ရင်း ပတ်ပြေးနေရတော့သည်။

SugarWhere stories live. Discover now