<< UNicode >>
Sugar^^
အိမ်ထဲ၀င်လာတဲ့ ချန်းလော့က လက်ထဲမှာလဲ မနိုင်မနင်း အထုတ်ပေါင်းသောင်းခြောက်ထောင်နှင့်ပင် ။ဒါကိုမြင်တဲ့ ဟယ်ချန်းက ၀ိုင်းကူသယ်လို့ မေးမြန်းရတော့သည်။
" ဒါက ဘယ်လိုဖြစ်တာလဲ? "
ချန်းလော့က လက်ထဲကအထုတ်တွေကို စားပွဲပေါ်တင်ရင်း ပြောသည်။
" ဦးက ၀ယ်ပေးလိုက်တာ "
ချန်းလော့ချလိုက်တဲ့ အထုတ်တွေကို စပ်စုနေတဲ့ ရွမ်ကျွင့်ရော အထုတ်တွေသယ်ကူတဲ့ ဟယ်ချန်းပါ တအံ့တသြဖြစ်သွားရသည်။
" အမလေး! ဦးဆိုပဲ၊ ချန်းလော့လော့ မင်းပြောတော့ ငြင်းပစ်မှာဆို "
" ဒီလိုပဲ တွဲကြည့်မလားဆိုတဲ့ အတွေး၀င်လာလို့ပါ ၊ ဟယ်ချန်းနီးတို့အတွက်လဲ လက်ဆောင် ပါလာတယ် "
သူတို့အတွက် ၀ယ်လာတဲ့အထုတ်တွေကို ကြည့်လို့ သဘောတကျဖြစ်နေကြတဲ့ အကိုနှစ်ယောက်ကို ချန်းလော့က မှိုင်တွေတွေလေးကြည့်နေမိသည်။
' ဒီအကို နှစ်ယောက် ဘာမှလဲမသိပါလားနော် '
ချန်းလော့က သက်ပြင်းတစ်ချက်ခိုးချလိုက်ရင်း သူ့လုပ်ရပ်တွေကမှားနေပြီလား ဆိုတဲ့အတွေးတွေ၀င်လာခဲ့သည်။
<< ချန်းလော့က ဂျယ်မင်းကိုငြင်းပြီးတာနဲ့ ခြေသုတ်သင်ထွက်ပြေးလာမိသည်။ကျန်နေခဲ့တဲ့သူရဲ့ အခြေနေကိုသိချင်တာကြောင့် နောက်လှည့်ကြည့်မိတော့ အငြင်းခံရတာတောင် ဘာမှမဖြစ်ပဲ အေးဆေးတည်ငြိမ်နေတဲ့ ဘဲကြီးကြောင့် ချန်းလော့ဆူပုတ်မိပါသည်။
' အေးလေ ဒီတစ်ယောက်က လက်မခံရင် နောက်တစ်ယောက်ပြောင်းရုံပဲပေါ့ သူ့အနေအထားကြီးနဲ့ ငါငြင်းလိုက်လို့ ပြိုလဲသွားစရာမှမလိုတာ '
ချန်းလော့က တွေးနေရင်းမှ ရပ်ထားတဲ့ ကားကို အကြည့်ရောက်မိသည်။
" ဒီကားကို ငါမြင်ဖူးနေသလိုပဲ "
ကားနံပါတ်ကိုဖတ်ကြည့်ပြီးသည့်နောက်မှာတော့ ချန်းလော့ရဲ့မျက်လုံးတွေပြူးကျယ်သွားရသည်။