အိမ်ဘေးနားကနေကြားနေရသည့်ဆူညံသံတွေ။
ဒီနေ့ ဟိုဘက်အိမ်ကိုအိမ်ရှင်အသစ်တွေပြောင်းလာ
တာဖြစ်မည်။ကိုယ့်အပူမဟုတ်တာကြောင့် စာကိုပဲ
ပုံမှန်လုပ်နေလိုက်သည်။ဒါပေမဲ့ ဆူညံသံကတော့သူ့ကိုစိတ်အနှောင့်အယှက်
ပေးမြဲပါပဲ။သွားပြောရင်လည်းအခုမှလာတဲ့အိမ်ရှင်
တွေကိုပြဿနာရှာတယ်လို့kim taehyungကဖြစ်
အုံးမယ်။ဒါကြောင့် အတတ်နိုင်ဆုံးသည်းခံပြီးသာ
နေလိုက်တော့တယ်။"taehyungရေ..အမေသွားတော့မယ်နော်။
အိမ်အောက်မှာလာနေအုံး..ညစာလည်းအဆင့်သင့်
လုပ်ပေးသွားတယ်သိလား.."အမေသည်အဖေမရှိတော့သည့်နောက်သူတယောက်
ကိုတင့်တင့်တယ်တယ်နေနိုင်အောင်ပြုစုကျွေးမွေး
ပေးသည်။အမေက companyတခုရဲ့မန်နေဂျာ။
အသက်ကြီးပင်မဲ့ငယ်ရွယ်ချောမောနေတဲ့အမေဟာ
သူ့အတွက်အလှဆုံးပါပဲ။ညကလည်းမိုးချူပ်ပြီးဆိုတော့ အိမ်ရှေ့မှာလှမ်းထား
တဲ့အဝတ်အစားတွေကိုအိမ်ထဲသွင်းပြီးတဖက်ခြံထဲ
ကိုအမှတ်မထင်အကြည့်ရောက်မိတယ်။အိမ်ရွှေ့ကားပေါ်ကနေ drumတွေ၊အခြားဂီတတူရိ
ယာပစ္စည်းတွေကိုသယ်နေတာတွေမြင်နေရသည်။
ဘာလားဟ၊ဘယ်သူတွေမို့လို့ အဲ့လောက်ထိမပြီးနိုင်
တာတုန်း။ကိုယ့်ကိစ္စမဟုတ်ဘူးလို့ထင်ကာအိမ်ထဲ
ပြန်ဝင်လာလိုက်တော့၏။အမေပြင်ပေးထားသည့်ညစာအချိူ့ကိုစားသုံးနေပြီး
TVကြည့်နေသည်။ပန်းကန်တွေဘာတွေဆေးကြော
ပြီးမပြီးပြတ်သေးသောဇာတ်ကားကိုသာထိုင်ကြည့်
နေတုန်းအမေက အိမ်ပြန်လာခဲ့ပါပြီ။ညနေကcompanyမှာfileအချိူ့ကျန်ခဲ့တယ်ဆိုပြီး
သွားယူတာ ကားပိတ်တာနဲ့နောက်ကျတာဟုအမေက
ပြောပါသည်။ခဏနေတော့ ဗိုက်ကတဂွီဂွီမြည်လာခဲ့
၏။ညနေကစားထားတာကိုဘယ်လိုဖြစ်လို့ဆာနေတာလဲ။
ရေခဲသေတ္တာကိုဖွင့်ကြည့်တော့လည်းစားစရာသရေ
စာမုန့်တွေရှိမနေခဲ့ပေ။သံစုံတီးဝိုင်းမြည်နေတဲ့ဗိုက်နဲ့
အတူ အနီးအနားကstoreဆိုင်ကိုထွက်လာခဲ့တော့
သည်။***
"ဟိုခွေးကောင်တွေ..ကားပေါ်မှာသေမနေနဲ့။မင်းတို့
ပစ္စည်းတွေလာချအုံး..သေနေကြတာ ငါတယောက်
ထဲကားကိုမောင်းနေရတယ်။ပြောတော့တယောက်
တလှည့်စီမောင်းမယ်ဆိုပြီး"
YOU ARE READING
Bad boy?
FanfictionJeon jungkook x Kim taehyung 'They say all good boys go to heaven but bad boys bring heaven to you' 'I don't like younger than me..because younger people are so confused to me'