Part-7

1K 59 12
                                    

taehyungအစပိုင်းတော့နေရခက်နေပင်မဲ့လည်း
ဖော်ရွေလွန်းသော လူဆိုးကောင်၏မိသားစုကြောင့်
ပျော်ရွှင်ရပါသည်။သူက လူကြောက်တတ်တဲ့အထဲ
မပါပါ၊လူတိုင်းနဲ့လူဝင်ဆံံ့အောင်ပေါင်းသင်းတတ်ပြီး
ပွင်းလင်းတတ်တဲ့လူမျိူးဖြစ်သည်။

"ကိုကို..moraမွေးနေ့ကျရင်..အရုပ်ကိုကိုကို့
လက်ဆောင်ပေးနော်.."

"အောင်မာ..သူကအရုပ်မို့လို့လား။လူလေ..ငါကရော
ဘာဖြစ်လို့ပေးရမှာလဲပြော!"

"အရုပ်ကိုကိုကလှလို့လေ.."လို့ဆိုပြီးtaehyung
၏ပါးကိုmoraကညှစ်လိုက်တာကြောင့်jungkookမှာရှုးရှုးရှားရှား။

အဲ့ဒါကိုတော့အပြင်မှမထုတ်ပြရဲ..မဟုတ်ရင်သူ့ကို
ဘာဖြစ်လို့လဲ၊ဘာလဲနဲ့စစ်လားမေးလားတွေလုပ်မှာ
jeon jungkookတို့ကလုံးဝမကြိုက်။

လူဆိုးကောင်ကသူ့ကိုမဆီမဆိုင်မျက်စောင်းလာထိုး
နေတာကြောင့်taehyungမှာကြောင်တောင်တောင်
ဖြစ်သွားရသည်။သူလည်းဘာမှမလုပ်ရသေးပဲနဲ့..သူ့
ကိုအဲ့လိုလာကြည့်နေတာကြောင့် လူဆိုးကောင်ကို
တစ်ဆကနေ နှစ်ဆအမြင်ကပ်လာသည်။

သူကအကျင့်မကောင်းပဲနဲ့အပေါက်ဆိုးသလောက်
သူ့ညီမဖြစ်သူMoraလေးက စကားတတ်ကာ
လည်လွန်းလှသည်။သူ့လိုမျိူးမျက်လုံးဝိုင်းဝိုင်း၊နှာ
ခေါင်းလုံးလုံးနဲ့ချစ်ဖို့ကောင်းသည်။ရှေ့သွားလေးတွေ
ကလည်းကျိူးကာ..ကလေးချစ်တတ်တဲ့သူအဖို့
moraဟာချစ်စဖွယ်ကောင်းလွန်းသည်။

သူ့ရဲ့မေမေကိုတော့မတွေ့ဖူးပင်မဲ့ လူဆိုးကောင်ရဲ့
မျက်နှာပေါက်ကသူ့အဖေနဲ့တော်တော်တူလှသည်။ဥပဓိ
ရုပ်ကောင်းကောင်းနှင့်အရပ်အမောင်းတို့ကအဖေဆီကအမွေရထားတာဖြစ်မည်။

Taehyungတို့အချိန်အတော်အတန်ကြာသည့်
အထိစကားဖောင်ဖွဲ့နေတော့သည်။ထိုအထဲတွင်တော့
Jungkookမပါ..လူကြားထဲgameကိုသည်း
ကြီးမည်းကြီးဆော့ကာ အသံကိုဂိတ်ဆုံးချဲ့ထားပြီး
ပွဲခံနေတော့တာ။ဒီကောင်..လူကျင့်ဝတ်တွေဘာတွေ
နားမလည်ဘူးလားမသိ။ကလေးမဟုတ်သူငယ်မ
ဟုတ်နဲ့ကလေးဆိုး..ဆိုးနေတာ။

"Brownက..အပြည်ပြည်ဆိုင်ရာနည်းပညာ
တက္ကသိုလ်ရဲ့စာကြည့်တိုက်မှူးဆိုတော့ကောင်းတာ
ပေါ့..အဲ့ဒီမှာကစာအုပ်တွေတော်တော်စုံတယ်ကြား
တယ်နော်..မိုက်လိုက်တာ.."

You've reached the end of published parts.

⏰ Last updated: Nov 14, 2024 ⏰

Add this story to your Library to get notified about new parts!

Bad boy?Where stories live. Discover now