Part-2

743 56 2
                                    

taehyungတယောက် မနေ့က ကိစ္စကိုတော်တော်
ခေါင်းထဲရောက်နေသည်။storeဆိုင်မှာတွေ့တဲ့
လမ်းသရဲကောင်က သူ့ကိုမကျေနပ်လို့ပြန်လုပ်ရင်
ဘယ်လိုလုပ်မလဲ။လမ်းသရဲကောင်ပုံစံက ဂျစ်ကန်
ကန်နဲ့လူဆိုးလူပေပုံကြီး။လက်တဖက်မှာလည်း
tattooတွေနဲ့အပြင် စုပ်လုံးတလုံးကလည်းပါးစပ်
ထဲငုံထားသေး။ဒါပေမဲ့ရုပ်ကတော့မဆိုးပါဘူး။

kim taehyung!မင်းအခုသူ့ကိုချီးမွမ်းလိုက်တာ
လား။မချောဘူး..ဟုတ်တယ်။လမ်းသရဲကောင်က
ဘယ်နားမှမချောဘူး။

မတော်လို့ ရုပ်ရှင်ကားထဲကလိုပြန်ပေးဆွဲပြီးလူငှား
ရိုက်ခိုင်းရင်ဘယ်လိုလုပ်မလဲ။ပုံမှန်ဆိုသူက အဲ့လို
လုပ်တဲ့လူမဟုတ်။အဲ့ဒီလမ်းသရဲကောင်ကိုအမြင်ကပ်
လို့သာတက်နင်းခဲ့တာ..ယခုတော့ကြောက်နေရပြီ။

"taehyungရေ..တံခါးခေါက်နေတယ်လေ။
သွားဖွင့်ပေးစမ်းပါဦး.."

အတွေးလွန်နေတာနဲ့အမေပြောမှ သတိပြန်ဝင်လာ
ကာတံခါးလက်ကိုင်ဘုကို ကိုင်၍ဖွင့်လိုက်သည့်
အချိန်..

"ဟင်..လမ်းသရဲကောင်!"

"စာကလေး!"

jungkook သူတို့ငှားထားတဲ့အိမ်မှာမျက်နှာကြက်
ကိုပန်ကာတက်ဖို့ရန်အတွက် ပလေယာလိုအပ်နေ
သည်။လူကအပူသည်မို့ နည်းနည်းလေးအိုက်တာနဲ့
နေလို့မရ..ပန်ကာရှိမှစားဝင်အိပ်ပျော်သူဖြစ်သည်။
ပလေယာကလည်းမရှိတော့ ဘေးအိမ်ကိုငှားရန်
အတွက်သာထွက်ခဲ့သည်။

ခြေထောက်တဖက်ကလည်း ထော့နဲ့ထော့နဲ့ဖြင့်။
ယခုထိ ဟိုစာကလေးကိုကျေသေးတာမဟုတ်။

တံခါးကိုခေါက်တော့အတော်ကြာသည့်အထိဖွင့်လာ
မပေးသေး..လူကသိပ်စိတ်ရှည်တာမဟုတ်။အိမ်ထဲ
မှာဘာတွေလုပ်နေလို့ကြာနေရတာလဲ။
ပါးစောင်ကိုလျှာနဲ့ထိုးရင်းသာ ရပ်စောင့်နေခဲ့သည်။

မကြာခင် တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့
စာကလေးဖြစ်နေခဲ့သည်။ဟက်..ဒါကစာကလေးတို့
အိမ်ပါလား..မကြာခင် ပျော်စရာလေးတွေဖြစ်လာ
တော့မှာပဲ။

"ဟင်..လမ်းသရဲကောင်!"

လမ်းသရဲကောင်လို့ခေါ်လိုက်တာကြောင့် flirtမဲ့
feelလေးတောင်ငုပ်သွားရသည်။ရုပ်ကလေးနဲ့မှ
မလိုက် တော်တော်နှုတ်ကြမ်းတဲ့စာကလေး။

Bad boy?Where stories live. Discover now