ဘေးအိမ်ကဆူညံစွာကြားနေရတဲ့သီချင်းအော်ဆိုသံ
တွေနဲ့၊ဂစ်တာတီးသံတွေဟာသူ့အတွက်တော့စိတ်ရှုပ်
စရာ။ပတ်ဝန်းကျင်နဲ့နေနေတာကိုမသိဖူးလားမသိ..
နေ့နေ့ညညကိုဆူနေတော့တာ။"taehyungရေ..အောက်ခဏဆင်းခဲ့ပါဦး"
အမေ့ရဲ့ခေါ်သံကြောင့်၊အောက်ကိုဆင်းလာခဲ့သည်။
အေပရွန်အနီရောင်နှင့်အတူcupcakeတွေကိုပြင်
ဆင်နေတဲ့အမေက သူ့ကိုပြုံးပြလာသည်။
လူတိုင်းကပြောကြတယ်၊သူက..သူ့အမေနဲ့အရမ်းတူ
တယ်တဲ့။"ဒီcupcakeလေးတွေကို..ဘေးအိမ်လေးတွေဝေ
ပေးပါအုံးကွယ်.."ဒီနေ့က အဖေ့ရဲ့နှစ်ပတ်လည်နေ့ဆိုတော့အမေက
cupcakeလေးတွေလုပ်တာလေ။အဖေ့ရဲ့နှစ်ပတ်
လည်နေ့ရောက်တိုင်း..အမေကမုန့်တခုခုလုပ်ပြီးဘေး
အိမ်တွေကိုဝေနေကျ၊ပြီးတော့မိဘမဲ့ဂေဟာတွေကို
သွားသွားလှူတတ်ပါသေးတယ်။"မင်းအတွက်ရော..vanilla cupcakeတွေ
လုပ်ထားပါသေးတယ်.."cupcakeတွေထည့်ထားသည့်ဗန်းလေး
ကိုကိုင်ရင်း၊အိမ်ဘေးကအိမ်နီးနားချင်းတွေဆီလိုက်
လံဝေငှပေးတော့သည်။အကုန်လုံးပေးပြီးခါမှနောက်ဆုံးကျန်ရှိနေသည့်သူတို့
ခေါင်းရင်းအိမ်ကိုအကြည့်ရောက်မိတော့သူ့၏မျက်
မှောင်တွေအနည်းငယ်ကျူံံ့မိတော့၏။လူဆိုးကောင်တို့အိမ်ကျန်သေးတာပဲ။taehyung
ကသူ့ကို လူဆိုးကောင်လို့နာမည်ပေးထားရတာက
သူ့ကိုတွေ့တိုင်းအမြဲတမ်းလိုက်စနေတတ်လို့။
taehyungကသူ့ကိုစရင်လုံးဝမကြိုက်၊အဲ့ဒီလူကို
ကတ်ကတ်လန်အောင်ပြန်ရန်တွေ့တတ်တဲ့အကျင့်ရှိ
သည်။ဒါပေမဲ့လူဆိုးကောင်သည် သူများတွေလိုချစ်
စနိုးစတာမဟုတ်ဘဲ ရိသဲ့သဲ့နဲ့ကိုစနေတာကြောင့်..
မျက်လုံးထဲမတိုးသလို..အမြင်လည်းမကြည်။နှစ်ထပ်တိုက်အိမ်ကလေးရဲ့တံခါးရှေ့ကိုရောက်တော့
ကိုယ်တိုင်တောင်သတိမထားမိဘဲ၊အင်ကျီနှင့်ဆံပင်
တို့ကိုပုံစံတကျပြင်နေမိ၏။*ဒေါက်..ဒေါက်*
အပြင်ဘက်ကနေတံခါးခေါက်သံကြားတာကြောင့်
ဂီတာကြိုးညှိနေသည့်tattooတွေနဲ့လက်တစ်စုံသည်
ရပ်တန့်လို့သွားခဲ့ပြီး..မျက်မှောင်တွေကျူံံ့ကုန်၏။
YOU ARE READING
Bad boy?
FanfictionJeon jungkook x Kim taehyung 'They say all good boys go to heaven but bad boys bring heaven to you' 'I don't like younger than me..because younger people are so confused to me'