Part-4

950 55 10
                                    

taehyung၊လမ်းထိပ်က CDအခွေငှားဆိုင်ကို
tannieနဲ့အတူထွက်လာခဲ့ပါသည်။အိမ်နေရင်းပေါ့
ပေါ့ပါးပါးတီရှပ်အဖြူတထည်နှင့်ချည်ဘောင်းဘီ
အတိုကိုသာ ဝတ်ဆင်၍tannieကိုချီကာထွက်လာ
ခဲ့တော့၏။

တနေရာအရောက်taehyung၏ခြေလှမ်းလေးတွေ
တွန့်သွားရသည်။အဘယ့်ကြောင့်ဆိုသော်အုတ်ခုံပေါ်
မှာjungkookနှင့်အတူ သူနဲ့ရွယ်တူကောင်လေးများ
ကိုတွေ့လိုက်ရသည်။

အမေပြောပြသည်ကjungkookနဲ့အဲဲဒီကောင်​လေး
တွေကပိုက်ဆံစုပြီးသူတို့ဘေးနားကအိမ်ကိုစုဝယ်ခဲ့
ကြတာတဲ့။လူတွေကြည့်တော့အသက်တောင်ပြည့်
သေးပုံမပေါ်၊ကြည့်ရတာသူဌေးသားလေးတွေအိမ်
ပေါ်ကဆင်းလာခဲ့တာဖြစ်မယ်။

ယခုလည်းသူ့ကိုအဝေးကလာကတည်းကစိုက်ကြည့်
နေတာမျက်နှာမလွှဲ..တခြားကောင်လေးတွေကဒီတိုင်း
အကဲခတ်ရုံမျှသာကြည့်ပင်မဲ့ အဲ့ဒီjungkookကဝါး
စားမတတ်ကိုစိုက်ကြည့်နေတာ။ပြီးတော့စုပ်လုံးတလုံး
ကပါးစပ်ထဲမှာ။လုံးဝဂျစ်ပစီလူဆိုးကောင်ကျနေရော။

ဧကန သူ့ကိုဟိုကိစ္စမကြေသေးလို့သူ့သူငယ်ချင်းတွေ
နဲ့ချောင်းရိုက်ဖို့ကြည့်နေတာများလား။မဖြစ်ဘူး..
ငါမြန်မြန်လျှောက်မှပဲ။

ခြေလှမ်းတွေကိုခပ်သွက်သွက်လျှောက်၍သူတို့အရှေ့
ကနေဖြတ်သွားလိုက်တော့၏။ခပ်လှမ်းလှမ်းတနေရာ
ရောက်တော့ကြားလိုက်ရသည့်အသံစူးစူး..

"လှတာကွာ.."

ထိုအသံကjungkook၏အသံ။ဘယ်သူ့ကိုပြောတာ
ပါလဲ..အနောက်ကိုလှည့်ကြည့်တော့သူ့ကိုကြည့်မနေ
ဘဲ သူ့သူငယ်ချင်းတွေနဲ့အတူလေပေါနေတယ်။

လမ်းမှာလည်းနေ့ခင်းပိုင်းမို့ လူသိပ်မရှိ၊ရှိဆိုလို့
taehyungရယ်၊ခပ်ဝဝအန်တီကြီးနှစ်ယောက်ရယ်
အစာစားနေတဲ့ခွေးမဲလေးတကောင်ပဲရှိတယ်။

ကိုယ့်အကြောင်းမဟုတ်ပါဘူးလေ၊ငါ့လမ်းငါသွား
တာကောင်းပါတယ်။

"ဟော်..taehyungလေးပါလား။minchaeရေ
ဒီမှာမင်းသူငယ်ချင်းလာတယ်.."

မာဖလာအနီကွက်ကို ခေါင်းမှာပတ်ထားသည့်
CDဆိုင်ပိုင်ရှင်၊minchaeအမေ့သည်သူ့ကိုအပြုံး
တို့ဖြင့်ကြိုဆိုတော့၏။

Bad boy?Where stories live. Discover now