Part-3

1K 69 0
                                    

တက္ကသိုလ်ဒုတိယနှစ်ဖြစ်တာကြောင့်စာအရမ်းကြီး
မလုပ်ရင်တောင်အထိုက်အသင့်တော့လုပ်ဖြစ်သည်။
မနက်စာ strawberry jamနဲ့ပေါင်မုန့်တို့ကို
ရောစားပြီးနွားနို့တခွက်သောက်ကာ အိမ်ကနေထွက်
ခဲ့သည်။

"ဟေ့ကောင်..yeontan..မင်းဘာလို့သူများကား
ကို​သေးနဲ့သွားပန်းရတာလဲကွ..ဒီကိုလာစမ်း!"

သူ့စကားနားလည်တဲ့ခွေးလေးyeontanကလျှာ
လေးထုတ်ရင်းလှုပ်တုပ်တုပ်ဖြင့်သူ့ဆီပြေးလာခဲ့
သည်။ချီဖို့လုပ်ပင်မဲ့သေးတွေပေနေတာကြောင့်
အနည်းငယ်ဆူလိုက်ပြီးအိမ်ထဲဝင်ခိုင်းလိုက်တော့၏။

တဖက်က ကားအဝါလေးက..လမ်းသရဲကောင်တို့
ခြံအရှေ့ကဖြစ်သည်။ဘယ်သူကားလဲမသိပင်မဲ့
ပြန်လည်သန့်ရှင်းပေးဖို့ဆန္ဒရှိပါသည်။ဒါပေမဲ့ နောက်
ကျနေပြီဖြစ်တာကြောင့် ရင်ထဲကနေတောင်းပန်
လိုက်ပြီး..ခပ်သုတ်သုတ်သာထွက်ခဲ့တော့၏။

လှိုင်းတွန့်ဆံပင်တွေနဲ့အတူပိန်သွယ်သွယ်ကိုယ်ခန္ဓာ။
ချောမောလှပတဲ့ရုပ်ရည်အပြင်..ညှို့အားပြင်းလွန်း
တဲ့အကြည့်တွေနဲ့မြင့်မားတဲ့အရပ်တို့ကြောင့်kim
taehyungဟာ တက္ကသိုလ်မှာနာ
မည်ကြီးလှသည်။နာမည်ကြီးအောင်မနေချင်ပင်မဲ့
သူ့lifestyleကိုက..နာမည်ကြီးနေတော့အခက်သား။

အဖြူအစင်းတွေရောစပ်ထားသည့်..style pant
လက်ရှည်နှင့်အတူskinny jeansကိုတွဲဝတ်
ထားတာကြောင့်ခါးသေးသွယ်သွယ်ဟာ..ထင်ပေါ်ပြီး
နားတဖက်က နားဆွဲရှည်ရှည်ကလည်းလမ်းလျှောက်
တိုင်းတလှုပ်လှုပ်။

kim taehyungရဲ့nicknameက
fashion king။

"taehyung..မင်းစောစောလာတဲ့နေ့..ငါစော်
ရတဲ့နေ့ကွ..သိလား"

"မင်းစော်မရှိကြောင်းကို ကြွားမနေပါနဲ့။မင်းစော်မရှိ
တာတကျောင်းလုံးသိတယ်။"

သူငယ်ချင်းဖြစ်သူtaehyung၏စကားကြောင့်
hanminရှုးရှုးရှားရှားဖြစ်လာပြီး မတ်တပ်ရပ်
ကာပြောလိုက်တော့၏။

"စော်မရှိတာမဟုတ်ဘူးကွ..စော်မထားတာ။ငါ့ကို
ရည်းစားတော်ချင်တဲ့စော်တွေမှအများကြီးပဲ.."

"အော်ဟော်..ဘယ်မှာလဲ..ငါလည်းမတွေ့ပါလား"

ဘေးနားမှာထိုင်နေသည့်minchaeက ပြောင်စပ်
စပ်ဖြင့်ဟိုကြည့်ဒီကြည့်လုပ်တော့ hanmin
တယောက်မျိူးစုံအောင်ဆဲပါတော့သည်။

Bad boy?Where stories live. Discover now