"လူတွေကပြောကြတယ်..ယောကျ်ားကောင်းတွေက
ခင်ဗျားကိုနိဗ္ဗာန်ကိုခေါ်သွားမယ်တဲ့..ဒါပေမဲ့ကောင်ဆိုး
လေးတွေက ခင်ဗျားဆီကို နိဗ္ဗာန်ကို ခေါ်ဆောင်လာမှာ"ရိသဲ့သဲ့စကားလုံးတွေဟာသူ့ကိုစိတ်အနှောင့်အယှက်ပေးလျက်ပါ။
"ဘယ်လိုလဲ..ဒီလူက ခင်ဗျားဆီကိုနိဗ္ဗာန်ခေါ်ဆောင်
လာရမလား..အဟက်"လှိုင်းတွန့်ဆံပင်တွေကို အနောက်သို့လှန်တင်ပြီးwink
လုပ်ကာပြောလာသော ဂီတာကောင်သည်သူများတွေ
အမြင်မှာချောနေပင်မဲ့ သူ့အတွက်တော့အမြင်ကပ်စ
ရာပါ။"ဒီလူက ခင်ဗျားဆီကိုကိုယ်တိုင်ယူလာမှာနော်.."
"မင်းခွေးစကား..မပြောနဲ့..ဘေးဖယ်"
ရှုးရှုးရှားရှားဖြစ်နေသောထိုသူသည် သူ့အတွက်တော့
ခွေးပေါက်လေးတကောင်မာန်ဖီနေသည့်အလား။
သူ့ရဲ့အပြောတွေ၊တော်ကီတွေအောက်မှာမိန်းမရော
ယောကျ်ားတွေအကုန်က ပြားပြားဝပ်ပြီးသား။
ဒီသက်ရှိအရုပ်ကလေးက စွာစိလဲလန်သလိုဆတ်
ဆတ်ထိမခံလေးပါ။သူဘာပဲပြောပြောဂရုမစိုက်ပဲ
ပြန်ပြောနေသည်က စိတ်ဝင်စားစရာကောင်းတဲ့အ
ချက်ကလေးမဟုတ်လား။စိတ်ဝင်စားစရာကောင်းတဲ့အရုပ်ကလေးမလား။
ခဏလောက်ကစားရင်ဖြစ်စိတ်မဆိုးဘူးမို့လား။"မင်းကို ငါဘေးဖယ်လို့ပြောနေတယ်နော်။ငါ့မှာ
အလုပ်နဲ့အကိုင်နဲ့..မင်းလိုလတ်လျားလတ်လျားနေ
နေတဲ့လူမဟုတ်ဘူးနော်..""ဘေးဖယ်စေချင်ရင်..ဒီကိုနမ်း.."
ပါးတဖက်ကိုဖောင်း၍သူ့ထံပါးသို့ထိုးပေးလာသော
ဂီတာကောင်ကို ပိတ်ထိုးပစ်ချင်စိတ်ကတဖွားဖွား။
ရာရာစစ သူ့ကိုများနမ်းရအုံးမယ်တဲ့။သူ့ရည်းစား
လည်းမဟုတ်ပဲနဲ့။*ခွပ်*
သောက်ခွက်ကို အားပါပါနဲ့ထိုးပစ်ပြီးလဲကျသွားတာ
နဲ့တခါတည်းပြေးတော့သည်။အနောက်က ဂီတာကောင်သေသေကြေကြေဂရုမစိုက်။"အေ..ဒီလူကို လက်သီးနဲ့ထိုးတယ်နော်။နောက်တခါ
ဒီလူက အောက်ကဟာနဲ့ခင်ဗျားကိုထိုးမှာသိလား!"
YOU ARE READING
Bad boy?
FanfictionJeon jungkook x Kim taehyung 'They say all good boys go to heaven but bad boys bring heaven to you' 'I don't like younger than me..because younger people are so confused to me'