Part- 1

579 29 3
                                    

Part-1

ကျ​နော့်​နာမည်​ ဂွန်​ချင်း .....

မိဘမဲ့တစ်​​ကောင်​ကြွက်​...တစ်​​ကောင်​ကြွက်​​တောင်​မှရိုးရိုးတစ်​​ကောင်​ကြွက်​မဟုတ်​ဘူး ငယ်​ငယ်​​လေးထဲက​ဂွေး​စေ့ထုတ်​ခံထားရတဲ့မျိုးကန်းတစ်​​ကောင်​ကြွက်​​လေး​ပေါ့ကွယ်​...။

အဖြစ်​ကဒီလို....

ဘယ်သူဘယ်ဝါ​မှန်း​တောင်​မသိလိုက်​ရတဲ့ ​​မွေးသမိခင်​​ကျေးဇူးရှင်​ကကျုပ်​ကို နန်းတွင်းမှာအခစားဝင်​ရတဲ့ကုန်းကုန်းတစ်​​ယောက်​ရဲ့အိမ်​​ရှေ့မှာစွန့်​ပစ်​ထားခဲ့လို့ ကျုပ်​ဘ၀ကိုကုန်းကုန်းကြီးကစာနာသနား​သောအားဖြင့်​​ကောက်​ယူ​မွေးစား .... အဲ့လို​မွေးပြီး လူမှန်းသိတက်​တဲ့အရွယ်​လည်း​ရောက်​​ရော ကျုပ်ကိုမျိုးမ​အောင်​တဲ့လူတစ်​​ယောက်​အဖြစ်​အတင်း​သွပ်​သွင်းလို့  သူခစားရာနန်း​တော်​ကြီးမှာသူ့နည်းတူကုန်းကုန်းတစ်​​ယောက်​ဖြစ်​​စေခဲ့တယ်​​​လေ...။

အခုလည်း ​သူအငြိမ်းစားမယူခင် ​ကျုပ်​ထက်​ပို​တော်​ပိုထက်​တဲ့အရွယ်​တူကုန်းကုန်း​တွေကြားထဲကမှ ဖိတ်​ချင်းဖိတ်​ကိုယ့်​အိတ်​ထဲဖိတ်​ဆိုသလိုပဲကျုပ်​ကိုသီးသန့်​​ရွေး​ခေါ်ပြီး မ​နေ့တစ်ေ​န့ ကမှနန်းတက်​တဲ့ဘုရင်​ ၀မ်ရှီယန်​​​ ဆီအခစားဝင်​ဖို့အတွက်​​ခေါ်လာ​တယ်​လေ​...။

ကြောက်​ရွံ့ခြင်းဆိုတာဘာမှန်းမသိ​လောက်​​အောင်​မျက်​နှာ​ကြောမာခဲ့တဲ့ကျ​နော်​ အခု မင်းကြီးရဲ့အိပ်​ခန်း​ဆောင်​​ရှေ့မှာ ရပ်​​နေရင်းအလိုလို​ကြောက်​ဒူးတုန်​​နေသည်​...။ ပြီး​တော့ကိုယ့်​ကိုကိုယ်​လည်းအကြိမ်​ကြိမ်​အား​ပေး​နေမိသည်​...။

အားတင်းထားဂွန်​ချင်း...အားတင်းထား...။

ထိုချိန်​ ကုန်းကုန်းကြီးမှ....

" မင်းကြီး...ကျ​နော်​မျိုးဂွန်ဝူးမင်းကြီးထံ​အခစားဝင်​ပါတယ်​..."

ထိုသို့​ပြောဆိုလိုက်​ပြီးတာနဲ့ကုန်းကုန်းက ​ခေါင်းကိုငုံ့ကာ မလှုပ်​မယှက်​ရပ်​​နေတာမို့ကျ​နော်​လည်းထိုနည်း၎င်းပင်​ ငြိမ်​​ငြိမ်​​လေးရပ်​​နေမိသည်​...။
ထိုသို့အတန်​ကြာရပ်​​နေရပြီးမှ....ခန်း​ဆောင်​အတွင်းက ကြည်​လင်​ပြတ်​သားတဲ့အသံတစ်​သံကိုကြားလိုက်​ရသည်​...။

ကုန်းကုန်းလေးရဲ့ဖူးစာရှင် Where stories live. Discover now