Part- 23

62 3 0
                                    

Part- 23

အေးမြ​သောညချမ်းအချိန်​အခါတွင်​ အားလုံးငြိမ်​သက်​တိတ်​ဆိတ်​ကာအိပ်​စက်​အနားယူ​နေကြပြီဖြစ်​​သော်​လည်း နန်း​တော်​အတွင်းရှိမိဖုရားကြီးမူဟွားယန်​၏နန်း​ဆောင်​​တော်​၀န်းထဲတွင်​​တော့ လူအချို့သည်​အ​တွေးကိုယ်​စီဖြင့်​မအိပ်​စက်​နိုင်​​ကြ​သေး​ပေ...။

ဂွန်​ချင်းသည်​ သူတွယ်​ထား​သောသစ်​ကိုင်းလေးကိုခဏခဏ​မော့ကြည့်​​နေခဲ့ကာ ဘယ်​အချိန်​ပြုတ်​ကျလာမလဲဆိုသည့်​ ခံစားချက်​ဖြင့်​စိုးထိတ်​​နေခဲ့သည်​...။ပြီး​နောက်​ သူစားချင်​​သောဇီးသီးကိုသူ့အ​ရှေ့မှာ ထိုင်​ပြီး တစ်​လုံးပြီးတစ်​လုံးထိုင်​၀ါးပြ​နေ​သော ၀မ်​ရှီးယန်​ဆိုသည့်​လူသားကိုလည်း သူမ​ကျေနပ်​စွာ​စောင်း​စောင်းကြည့်​ကာ ပါးစပ်​မှလည်းပွစိပွစိ​ဖြင့်​တီးတိုး ကျိန်​ဆဲ​နေခဲ့သည်​...။

" အလကားလူကြီး...ဘာကို​ချောပြီး ဘာကိုလှတာလဲ ကျက်​သ​ရေကိုမရှိ​နေဘူး...သွား​သေပါလား...ထွီး"

ဝမ်​ရှီးယန်​သည်​ နန်း​ဆောင်ေ​တာ်​၀န်းကျင်​ကိုမျက်​လုံး​ဝေ့ကာကြည့်​​နေရင်း တံ​တွေး​ထွေးသံတစ်​ချက်​ကြားလိုက်​ရတာမို့ ဂွန်​ချင်းရှိရာဘက်​ကိုပြန်​ကြည့်​လာကာ ​အေးစက်​တည်​ငြိမ်​​သော​လေသံဖြင့်​​မေးလာခဲ့သည်​...။

" မင်း...ခုဏကတံ​တွေး​ထွေးလိုက်​တာလား..."

ဝမ်​ရှီးယန်​၏ရုတ်​တရက်​ဆန်​​သောအ​မေးစကား​ကြောင့်​ဂွန်​ချင်းသည်​ လုံးဝပြူးပြာသွားကာ သူအပြစ်​လွတ်​ရာလွတ်​​ကြောင်းဥာဏ်​ဆင်​​တော့သည်​...။

" မ...မဟုတ်​ပါဘူးအရှင်​...ကျ​နော်​မျိုးပါးစပ်​ထဲခြင်​...ခြင်​၀င်​သွားလို့ကျ​နော်​မျိုးပြန်​​ထွေးထုတ်​လိုက်​မိတာပါအရှင်​...တမင်​သက်​သက်​တံ​တွေး​ထွေးတာမဟုတ်​ရပါဘူး..."

ပြောပြီးသည်​နှင့်​ သူသည်​ မျက်​နှာ​လေးကိုအညိုးနိုင်​ဆုံးညိုးချကာ အားငယ်​သွားပုံဟန်​​ဆောင်​ပြန်​​လေသည်​...။

ဂွန်​ချင်း၏မူယာမာယာများကိုဒီရက်​ပိုင်းအတွင်းအရိပ်​တင်​မက အ​ကောင်​လိုက်​ပါမြင်​ဖူး​တွေ့ဖူး​နေ​သောဝမ်​ရှီးယန်​သည်​ ထိုအမူအယာများကိုနည်းနည်းမှဂရုမစိုက်​သည့်​အပြင်​ ပိုလို့ပင်​အမြင်​ကပ်​လာသည်​မို့ ဂွန်​ချင်းကိုကြည့်​ရင်း သူ့နံ​ဘေးတွင်​ရပ်​​နေ​သောကိုယ်​ရံ​တော်​ကြီးကိုအမိန့်​တစ်​ခု ​ပေးလိုက်​​လေသည်​...။

ကုန်းကုန်းလေးရဲ့ဖူးစာရှင် Where stories live. Discover now