Part- 8

124 8 0
                                    

Part-8

ကုန်းကုန်း​လေးဂွန်​ချင်းထွက်​ခွာသွားပြီး​နောက်
ဘယ်​သူ့ ဘယ်​သူမှဝင်​ခွင့်​မရှိတဲ့နန်း​ဆောင်​ထဲမှာ ခန္ဓာကိုယ်​အ​ပေါ်ပိုင်းက၀တ်​ရုံမှန်​သမျှအကုန်​ချွတ်​ပစ်​ပြီး သလွန်​​တော်​ထက်​မှာ လဲ​လျောင်းအနားယူ​နေတဲ့ ဘုရင်​မင်းမြတ်​၀မ်​ရှီးယန်​...။

ထိုသို့ လဲ​လျောင်း​နေရင်းသူ့မျက်​လုံး​တွေကိုအလုံးစုံ​မှေးမှိတ်​ထား​ပေမယ့်​ သူ့စိတ်​ထဲတွင်ေ​တာ့အ​တွေးစတွေက များပြားပြွတ်​သိပ်​​နေခဲ့သည်​...။

အိမ်​ရှေ့ စံဘ၀ထဲက သူသာထီးနန်းအရိုက်အရာဆက်ခံခဲ့ရင် ​​​​​​အနားမှာဘယ်​သူ့ကိုမှလူယုံမထားဘူးလို့ ​တွေးထားခဲ့ပြီးမှ အခုလိုဘာမဟုတ်​တဲ့မိန်းမစိုးတစ်​​ယောက်​ကိုအနားမှာထားဖို့သူဆုံးဖြတ်​ခဲ့တယ်​။ ဒါဟာ သူအမှားတစ်​ခုကိုကျူးလွန်​ခဲ့ခြင်းမဟုတ်သလိုစိတ်​ဓာတ်​​ပျော့​ပြောင်းသွားခြင်းလည်းမဟုတ်​...။ ဤအချင်းအရာက အ​ခြေ​နေတစ်​ခုကိုထိန်းချုပ်​ထားချင်​ရုံမျှသာဖြစ်​သည်​...။

ဂွန်​၀ူး...။
သူက ​ပေါ့​သေး​သေးမဟုတ်​ဘူး...​​ နန်းတွင်း​ရေးရာတစ်​ခုလုံးကိုချုပ်​ကိုင်​လှုပ်​ခါပစ်​နိုင်​တဲ့အာဏာမျိုးသူ့မှာရှိတယ်​...။ ပြီး​တော့ အဲ့ဒါက ဘယ်​သူကမှတစ်​ကူးတကချီးမြှင့်​ထားတာမျိုးမဟုတ်​တဲ့ အရာမျိုး...။ အဲ့ဒီအာဏာမျိုးကိုသူရခဲ့တဲ့ အဓိကအ​ကြောင်းအရင်းက​တော့ တစ်​ချိန်​က ဘယ်​သူ့ ပါးစပ်​ကမှထုတ်​​ဖော်​​မ​ပြောရဲတဲ့အမည်​နာမပိုင်​ရှင်​ကို အပြစ်​ရှိ​ကြောင်း​ဖော်​ထုတ်​နိုင်​ခဲ့လို့ပါပဲ...။ တစ်​နည်းအားဖြင့်​ မိဖုရားကြီး မူဟွားယန်​ကို နန်းချနိုင်​ခဲ့ခြင်း။

ထိုအ​တွေးနဲ့အတူ ​မှေးမှိတ်​ထားတဲ့သူ့မျက်​၀န်း​တွေပြန်​လည်​ပွင့်​ဟလာခဲ့ကာ မျက်​လုံးဆုံရာမျက်​နှာကျတ်​ကို​စူးစိုက်​ကြည့်​ရင်း လက်​သီးကိုကျစ်​ကျစ်​ပါ​အောင်​ သူဆုတ်​ထားခဲ့သည်​...။

မယ်​​တော်​ ဆိုတဲ့နာမည်​ကို​တောင်​​ခေါ်ခွင့်​မရခဲ့တဲ့သူ...။ ခမည်း​တော်​ရဲ့အချစ်​ကိုမခံခဲ့ရတဲ့သူ...။ အိမ်​​ရှေ့စံဆိုတဲ့ရာထူးအာဏာကလွဲလို့ ငယ်ငယ်ေ​လးထဲက​ဘာ​မေတ္တာတရားမှ မရခဲ့တဲ့သူ...။ ဒါ​တွေအားလုံးဘယ်​သူ့​ကြောင့်​လဲ...။ ခွင့်​မလွှတ်​ဘူး ဒီအ​ကြောင်းအရာ​တွေဖန်​တီးခဲ့တဲ့ သူမှန်​သမျှအကုန်​လုံးကိုခွင့်​မလွှတ်​ဘူး...။

ကုန်းကုန်းလေးရဲ့ဖူးစာရှင် Where stories live. Discover now