Part- 25

123 5 1
                                    

Part-25


သူကိုယ်​တိုင်​ကဒီမိန်းမစိုး​လေးအ​ပေါ်ဘယ်​လိုဘယ်​ပုံအပြစ်​​ပေးရမလဲဆိုတာ ​တွေးမိသည့်​အတိုင်း အနမ်းမမည်​​သောအနမ်းတစ်​ခုဖြင့်​ သူ၏အပြစ်​​ပေးခြင်းကိုစတင်​လိုက်​သည်​...။

အပြစ်​​ပေးခြင်းဖြစ်​တာ​ကြောင့်​သူ၏အနမ်းတို့သည်​မသိမ်​​မွေ့ပဲ ကြမ်းတမ်းလွန်းလှသည်​...။ သို့ ​​သော်​ဂွန်​ချင်းသည်​တုံ့တုံ့မျှမလှုပ်​ရှားလာပဲ ဒီအတိုင်း​တောင့်​​တောင့်​ကြီးဖြစ်​​နေခဲ့ကာ သူ့အားနမ်းရှိုက်​​နေ​သောဝမ်​ရှီးယန်​၏မျက်​နှာကိုသာမျက်​လုံးပယ်​မတက်​စိုက်​ကြည့်​​နေခဲ့သည်​...။

ထိုအဖြစ်​​ကြောင့်​ဝမ်​ရှီးယန်​သည်​သူ၏အနမ်းတို့ကိုရပ်​တန့်​ပစ်​လိုက်​ကာ သူ့အားပြူးကြည့်​​နေပါ​သောဂွန်​ချင်းအား မျက်​​မှောင်​ကြုတ်​လျှက်​သားစိုက်​ကြည့်​လျှက်​​မေးလိုက်​သည်​...။

" ဘာလဲ...ဒါကိုလည်းမကြိုက်​ပြန်​ဘူးလား...အနိုင်​ကျင့်​သလိုခံစားရတုန်းပဲလား..."

ဂွန်​ချင်းသည်​တုန့်​တုန့်​မျှမလှုပ်​... သူ့ အားအစဉ်​တစိုက်​​ငေးကြည့်​​နေခဲ့သည်​...။ ထို့​ကြောင့်​ဝမ်​ရှီးယန်​သည်​ သူ၏လက်​အတွင်းဆုတ်​ကိုင်​ထား​သောဂွန်​ချင်း၏ဆံနွယ်​တို့ကို ပိုပြီးတင်းတင်းကြပ်​ကြပ်​ဆုတ်​ကိုင်​လိုက်​ကာ ထပ်​​မေးဖို့အတွက်​ဟန်​ပြင်​လိုက်​ချိန်​ ဂွန်​ချင်းသည်​ ရုတ်​တရက်​ဆိုသလိုအသိပြန်​၀င်​လာခဲ့ကာ သူ့ဆံပင်​​တွေကိုဆုတ်​ကိုင်​ထား​သောဝမ်​ရှီးယန်​၏လက်​ကိုအ​ပေါ်ကထပ်​ကိုင်​လျှက်​​ဖြေ​လျော့​ပေးဖို့​တောင်းဆို​တော့သည်​...။

" နာ...နာတယ်​...အရှင်​..."

" နာလား...နာရင်​ဘာလို့ခုဏကငါကိုယ်​​တော်​​မေးတာကိုမ​ဖြေလဲ..."

အဲ့ဒီ​တော့မှ သူ​ကြောင်​​နေခဲ့စဉ်​က ၀မ်​ရှီးယန်​​မေးခဲ့​သော​မေးခွန်းကိုသတိရသွားကာ သူချက်​ချင်းပဲပြန်​​ဖြေဖို့်ပြင်​​တော့သည်​။

" ကျ...ကျ​နော်​မျိုးကတစ်​မျိုး​တွေး​နေမိတာပါအရှင်​...ဟို​လေ...ကျ​နော်​မျိုးတို့သာမန်​လူ​တွေအိပ်​ယာထရင်​အာခံတွင်းအနံအနည်းငယ်​ဆိုးတက်​ကြ​ပေမယ့်​ အ...အရှင်​က​တော့အဲ့သလိုမဟုတ်​ပဲ ကြာပန်းနံ့လိုလိုဘာလိုလိုသင်း​နေလို့ပါအရှင်​..ဒါ​ကြောင့်​အရှင်​ဘာ​ဆေးဝါးအ​မွှေးနံသာ​တွေများသုံးလဲစဉ်း..စဉ်းစား​နေမိတာပါ..."

ကုန်းကုန်းလေးရဲ့ဖူးစာရှင် Where stories live. Discover now