Part- 16

60 3 0
                                    

Part-16

ဝမ်​ရှီးယန်​သည်​သူ့၏အ​ရှေ့တွင်​၀ပ်​တွား​တောင်းပန်​​နေကြ​သောလူတစ်​စုကို ထိုကဲ့သို့ ပြင်းထန်စွာ​​အမိန့်ေ​ပးလိုက်ပြီး​နောက်​ သူသည်​ ​ဒေါသတကြီးဖြင့်​ ​တောက်​တစ်​ချက်​ခတ်​ကာထိုဥယျာဉ်​​တော်​အတွင်းမှထွက်​ခွာလာလိုက်​​တော့သည်​...။

သူထွက်​သွားတာနဲ့ဒူး​ထောက်​​တောင်းပန်​​နေကြ​သောအ​ခြွေအရံအ​စောင့်​အကြပ်​အ​ပေါင်းတို့သည်ေ​​မြပြင်​မှအလူးအလဲထကာ သူ့အ​နောက်​မှထပ်​ကြပ်​မကွာလိုက်​ပါခစားရ​တော့သည်​...။

သူသည်​ သူ့ အားအရန်​သင့်​​စောင့်​ဆိုင်း​နေပါ​သော​ဝေါယာဉ်​ကိုပင်​လှည့်​မကြည့်​...သူသွားလိုရာ​နေရာဆီသို့ ​ခြေလှမ်းကျဲများနှင့်​​သာလျောက်​လှမ်းလာခဲ့သည်​...။

သူစိတ်​ထဲတွင်​လည်း​ဘာကိုမှ​ကျေနပ်​ခြင်းမရှိ အရာရာအားလုံးကိုထုရိုက်​ပစ်​ခွဲကာ လူသတ်​ချင်​စိတ်​များတဖွားဖွား​ပေါ်​ပေါက်​လျှက်​ရှိသည်​...။ ယခုအဖြစ်က ​သူပိုင်​တဲ့အရာတစ်​ခုကိုသူတစ်​ပါးက ထိပါး​စော်​ကားလိုက်​သလိုပါပင်...​ပြန်​တွေးေ​​လ​လေ သူထိန်းချုပ်​မရနိုင်​​လောက်​​အောင်​​ဒေါသ​တွေထွက်​​လေ​လေ ဖြစ်ေ​နခဲ့သည်​...။

ထိုအချိန်​မှာပဲ သူ့အ​နောက်​က ထပ်​ကြပ်​မကွာလိုက်​ပါလာ​သော ကိုယ်​ရံ​တော်​ကြီးထံမှစကားသံတစ်​သံထွက်​​ပေါ်လာခဲ့သည်​...။

" အရှင်​...အခုဘယ်​ကိုကြွမြန်းမလို့ပါလဲ..."

ကိုယ်​ရံ​တော်​ကြီး၏ထိုအ​မေးစကားအဆုံးတွင်​၀မ်​ရှီးယန်​၏ပြက်​သားကြမ်းတမ်း​သောစကားသံကိုပြန်​လည်​​ကြားလိုက်​ရ​တော့သည်​...။

"ဒါ​တောင်​မသိဘူးဆိုရင်​မင်းအခုအလုပ်​ထွက်​ပြီးသွား​သေလိုက်​​တော့..."

ပြောပြီးတာနဲ့သူသည်​သူဦးတည်​ရာနန်းတွင်း​ဆေးတိုက်​ဆီသို့သာခပ်​မြန်​မြန်​လှမ်းလာခဲ့လိုက်​​တော့သည်​...။

ထိုအချိန်​ နန်းတွင်း​ဆေးတိုက်​အတွင်းမှာ​တော့ တိတ်​ဆိတ်​ငြိမ်​သက်​လျှက်​ရှိကာ... ကုတင်​ငယ်​​လေးထက်​မှာ​မှောက်​လျှက်​သား​လေးလှဲ​နေရတဲ့ဂွန်​ချင်းက​တော့အသံပင်​မထွက်​နိုင်​​လောက်​​အောင်​အားအင်​​တွေဆုတ်​ယုတ်​​နေခဲ့သည်​...။ သူ၏နံ​ဘေးတွင်​ကုန်းကုန်းကြီးဂျန်​ဖန်​နှင့်​ ဟန်​ချီတို့ရှိ​နေ​ပေးကြကာ သမား​တော်​လက်​သစ်​​လေးတစ်​​ယောက်​ကသူ၏တင်​ပါးကဒဏ်​ရာများကိုကြည့်​ရှု့ စစ်ေ​ဆး၍အရစ်​ရှည်​ကာမှတ်​ချက်​မျိုးစုံ​ပေးလျှက်​ရှိသည်​...။

ကုန်းကုန်းလေးရဲ့ဖူးစာရှင် Where stories live. Discover now