Part- 13

58 1 0
                                    

Part-13

ဝမ်​ရှီးယန်​၏ရုတ်​တရက်​ဆန်​​သောအပြုအမူ​ကြောင့်​ ဂွန်​ချင်းသည်​ဘာမှပြင်​ဆင်​ချိန်​​တောင်​မရလိုက်​ပဲ နာကျင်​မှု့ ကိုအသည်းခိုက်​မတက်​ခံစား​လိုက်​ရသည်​...။

" လွှတ်​​ပေးပါ​တော့...​တောင်းပန်​ပါတယ်​...အဟင့်​ဟင့်​...အီးဟီး..."

နာကျင်​ရလွန်းလို့လည်း သူငို​ကြွေး​နေမိပြီ...။ သို့​ပေမယ့်​ ၀မ်​ရှီးယန်​သည်​ကာသူ့ကိုတစ်​ချက်​က​လေး​တောင်​သက်​ညှာမ​ပေး လုံးဝကိုမခံမရပ်​နိုင်​​လောက်​သည်​အထိအားစိုက်​ကိုက်​ခဲ​နေခဲ့သည်​...။

အတန်​ကြာမှသူဂွန်​ချင်းကိုပြန်​လွှတ်​​ပေးလိုက်​ကာ သူ့ပါးစပ်​တွင်​ကပ်​ပါလာသည်​ဂွန်​ချင်း၏​သွေး​များကိုလျှာနဲ့လျက်​ပြီးအရသာခံ​နေခဲ့သည်​...။ ဂွန်​ချင်းသည်​ကာ နည်းနည်းမှလှုပ်​မနိုင်​​တော့ပဲကြမ်းပြင်​​ပေါ်တွင်​ထိုင်​လျှက်​သားငို​ကြွေး​နေခဲ့သည်​...။

ဒီနန်း​ဆောင်​ကြီးတွင်​လူ​ပေါင်း​မြောက်​မြားစွာရှိ​နေသည့်​တိုင်​ ဘယ်​သူကမှအသံတစ်​သံမထွက်​သလို သူ၏နာကျင်​မှု့ကိုလည်းဘယ်​သူကမှအသိအမှတ်​မပြုကြပါ...။ အားလုံးသည်​၀မ်​ရှီးယန်​၏ဖြစ်​တည်​မှု့ နှင့်​အမိန့်​စကားတစ်​ခွန်းကိုသာ အာရုံစိုက်​ကြသည်​ပင်​...။ ယခုသူသည်​ဘာကိုမှ​တွေးမ​နေနိုင်​​တော့ပဲ ရှိုက်​ကြီးတငင်​ငို​ကြွေး​နေမိပြီ...။ ပြီး​နောက်​ သူသည်​မင်းကြီးဝမ်​ရှီးယန်​၏မျက်​နှာ​တော်​အားအ​ကြောက်​အလန့်​မရှိ​မော့ကြည့်​ရင်း ပါးစပ်​မှလည်း​ပြောချင်​ရာစကားလုံးများကို​ရေရွတ်​​နေ​တော့သည်​...။

" ဘာ​ကြောင့်​များပါလဲ..ကျ​နော်​မျိုးမှာဘာအပြစ်​​တွေများရှိလို့အရှင်​မင်းကြီးကျ​နော်​မျိုးကိုအခုလိုဖိနှိပ်​​နေရတာလဲ...ကျ​နော်​မျိုးတကယ်​ကိုနားမလည်​နိုင်​​တော့ပါဘူး..."

သူ့စကားအဆုံးတွင်​၀မ်​ရှီးယန်​၏ရယ်​သံတစ်​ချက်​ထွက်​​ပေါ်လာခဲ့ကာ သူ့ကိုပြန်​​ပြောလာခဲ့သည်​..။

" အဟင်း...အပြစ်​မရှိဘူးတဲ့လား...။ ဟုတ်​တယ်​...မင်းမှာအပြစ်​မရှိဘူး...ဒါ​ပေမယ့်​မင်းအ​ဖေဟိုအဖိုးကြီးဂွန်​၀ူးက​တော့ သူ့အသက်​နဲ့​တောင်​ဆပ်​လို့မကုန်​နိုင်​တဲ့အပြစ်​ကြီးကိုလုပ်​ထားတယ်​...။ သိချင်​လား...အဲ့ဒါကဘာအပြစ်​ကြီးလဲမင်းသိချင်​လား...သိချင်​ရင်​မင်းလက်​တစ်​​ချောင်း​ပေးဆပ်​ရလိမ့်​မယ်​...လာခဲ့​လေ..."

ကုန်းကုန်းလေးရဲ့ဖူးစာရှင် Where stories live. Discover now