Part- 26

62 5 0
                                    

Part-26

ဂွန်​ချင်း၏​နေရာနှင့်ပက်သက်​ပြီးဝမ်​ရှီးယန်​ကဂရုမစိုက်​လှ​ပေမယ့်​ သူတို့ထိုင်​​နေ​သော​နေရာ​အောက်​၅ဆင့်​မျှနိမ့်​​သော​နေရာတွင်​ထိုင်​​နေရ​သော အရာရှိအမတ်​ကြီးအ​ပေါင်းတို့သည်​ကား မလိုရှု့ စိမ့်​စွာဖြင့်​ မသိမသာထကြွပုန်​ကန်​ကြ​လေ​တော့သည်​...။

" အရှင်​မင်းကြီး မိန်းမစိုး​​ဂွန်​ချင်းကိုအဲ့ဒီ​နေရာမှာ​ပေးထိုင်​တာဘယ်​လိုမှမ​ကောင်းတဲ့နိမိတ်​ပါ...ဒါ​ကြောင့်​အခုချက်​ချင်း​နေရာကပြန်​ဖယ်​ဖို့အမိန့်​​ပေး​စေ​ချင်​ပါတယ်​ အရှင်​..."

" ဟုတ်​ပါတယ်​အရှင်​...ဒီ​နေရာက နိုင်​ငံ့မိခင်ရဲ့ ​မြင့်ြ​မတ်​တဲ့​နေရာမို့ သာမာန်​အဆင့်​မိန်းမစိုး​လေးကို​ပေးထိုင်​ဖို့မသင့်​​ကြောင်းပါအရှင်​..."

" ကျ​နော်​မျိုးလည်းအဲ့ဒီလိုပဲထင်​မြင်​မိ​ပါတယ်​အရှင်​ လုံးဝမသင့်​​လျော်​​ကြောင်းပါ..."

ထိုသူတို့၏တစ်​​ယောက်​တစ်​​ပေါက်​​ပြောဆို​လျောက်​တင်​မှု့ များ​ကို ၀မ်​ရှီးယန်​ကဒီအတိုင်းသာ​အေးစက်​စွာကြည့်​​နေနိုင်​​ပေမယ့်​ ဂွန်​ချင်းမှာ​တော့ဖင်​ကျ​အောင်​​တောင်​ထိုင်​မရဲ​တော့ပဲ မျက်​နှာပျက်​ယွင်းကာ ထိုင်​ရမလိုထရမလိုဖြစ်​​နေခဲ့သည်​...။

ဘယ်​လိုမှဆက်​ပြီးမျက်​နှာ​ပြောင်​မတိုက်​ရဲ​တော့သည့်​အဆုံးတွင်​​တော့ ဂွန်​ချင်းသည်​ ထိုင်​​နေရာမှကုတ်​ကုတ်​​လေးထရပ်​လိုက်​ကာ ထို​နေရာနှင့်​​ဘေးကပ်​ရက်​​နေရာ​လေးတွင်​အသာ​လေးမက်​တက်​ရပ်​​နေလိုက်​သည်​...။

ထိုအချင်းအရာကိုမြင်​​တွေ့လိုက်​ရ​သောဝမ်​ရှီးယန်​သည်​ခုဏကလို​အေးစက်​တည်​ငြိမ်​​သောမျက်​နှာထားဖြင့်​ မျက်​​မှောင်​ကြုတ်​လိုက်​ရင်း ဂွန်​ချင်းကိုကြည့်​ကာ ​ပြောလာခဲ့သည်​...။

" ဘာလို့ထရပ်​​နေတာလဲ...ငါချ​ပေးတဲ့​နေရာကမ​ကောင်းလို့လား..."

ဝမ်​ရှီးယန်​၏အ​မေးစကား​ကြောင့်​ ဂွန်​ချင်းသည်​ သူ့ကိုအမြင်​မကြည်​စွာစိုက်​ကြည့်​​နေကြ​သောအမတ်​ကြီးအုပ်​စုရှိရာဆီသို့ မျက်​လုံး​လေးအနည်းငယ်​​စွေကြည့်​လိုက်​ရင်း​ခေါင်း​လေးငုံ့ကာဖြင့်​ ၀မ်​ရှီးယန်​၏အ​မေးကို တိုးတိမ်​စွာပြန်​​ဖြေလိုက်​သည်​...။

ကုန်းကုန်းလေးရဲ့ဖူးစာရှင် Where stories live. Discover now