U
ဒီညမိုးရွာမယ်ထင်ပါရဲ့ ကောင်းကင်မှာ ကြယ်တွေတောင် ကင်းစင်နေလေသည်။ မနက်စာ စားပြီးကတည်းက ဘာမှမစားသေးရသေးတဲ့သူမို့ ကျွန်တော်အရမ်းဗိုက်ဆာနေပြီပင်။ ဒါ့ကြောင့် အချိန်ပိုင်းအလုပ်ပြီးပြီးချင်း တာဝန်ခံကို နှုတ်ဆက်ကာ ဆိုင်ထဲကထွက်လာလိုက်သည်။
ခုည ၉နာရီလောက်ရှိနေပြီပင်ဖြစ်တာကြောင့် အနီးနားမှာ ဆိုင်လေးတစ်ဆိုင်များဖွင့်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဘေးပတ်လည်ဝေ့ကြည့်လိုက်နေသည်။ ဆိုင်သိမ်းနေဆဲပြုတဲ့ ကြက်ဆီထမင်းဆိုင်ကိုတွေ့တော့ သူ့မျက်လုံးတွေလင်းလက်သွားခဲ့သည်။ ဒါပေမဲ့ ကျန်သေးရဲ့လားမသိတဲ့ခံစားချက်လေးလံစွာဖြင့် အချိန်မဆွဲတော့ဘဲ သူဆိုင်အနားကိုမြန်မြန်လျှောက်သွားလိုက်ေတာ့သည်။
"ကြက်ဆီထမင်း ရနိုင်သေးလားဗျ"
ကျွန်တော့်အသံကြားတော့ ပစ္စည်းသိမ်းနေတဲ့ အကိုဟာ ကျွန်တော်ဘက်ကိုလှည့်လာ၏။ အင်္ကျီအရှည်ကိုမှ တစ်ဝက်ခေါက်ထားပြီး ဆံပင်တွေကို ရှေ့မကျအောင် ဘီးကုတ်ဖြင့် လှန်တင်ထားသည်။ ထိုပုံစံက ထိုလူကြီးနဲ့ အရမ်းလိုက်ဖက်လွန်းလေသည်။
"ဆိုင်ပိတ်သွားပြီ"
ပြတ်သားတဲ့အသံ တစ်ခုကခပ်ပြတ်ပြတ်ထွက်လာရဲ့သည်။ ကျွန်တော့်မျက်နှာအနည်းငယ်တော့ညှိုးမိသွားတော့ ထိုလူကြီးက ကျွန်တော့်ကိုကြည့်လိုက်ပြီး စကားနောက်တစ်ခွန်းထပ်ဆိုလာခဲ့သည်။
"ဒီမှာ တစ်ပွဲစာကျန်သေးတယ်"
ထိုလူသည် ကြက်ဆီထမင်းတစ်ပွဲကို ကိုင်ဆောင်ပြီး ကျွန်တော်ထိုင်နေတဲ့စားပွဲဆီသိုလျှောက်လှမ်းလာနေသည်။ ကြက်ဆီထမင်းပန်းကန်ကို ကျွန်တော့်ရှေ့ကစားပွဲပေါ် သို့ လာချပေးသည်။
"ကျေးဇူးပါဗျ"
ထိုလူကြီးက ခေါင်းတစ်ချက်ငြိမ့်ပြပြီး သူ့ပစ္စည်းတွေဆက်သိမ်းနေလေသည်။ သူ့မှာ ဝိုင်းကူပေးမဲ့သူမရှိတာလား? နေ့တိုင်းဒီလိုပဲသိမ်းနေရတာ မပင်ပန်းဘူးလားမသိဘူး? fourth တစ်ယောက်စိတ်ထဲမှာမေးခွန်းတွေနဲ့ပြည့်နေပေမဲ့ သူထုတ်မေးဖို့ မသင့်တော်မှန်းသိတော့ စိတ်ဖြေလိုက်ရတော့တာပေါ့။