မနက်8နာရီလောက်မှာ မနက်ခင်းရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ကုတင်ပေါ်မှာ အိပ်နေတဲ့ ကောင်ငယ်လေးစီသို့ ရောက်လာသည်။ အိပ်ပျော်နေပေမဲ့လည်း နေရောင်ခြည်က မျက်လုံးတည့်တည့်မှာမို့ မျက်လုံးစူးသွားသည်။ အလင်းရောက်ကျနေတော့ မအိပ်တတ်၍ စောင်ခေါင်းမြီး ခြုံပြီး ပြန်အိပ်တော့သည်။ ဒါပေမဲ့ မျက်လုံးက အိပ်ရေးဝသွားတာလား? အလင်းရောင်းထိသွားလို့လားမသိ? သူပြန်မအိပ်ချင်တော့ပေ။
ကျွီ!
ထိုအချိန် Gem က မနက်စာကို ဗန်းပေါ်တင်ပြီး ယူလာကာ အနီးနားက စားပွဲပေါ်တင်လိုက်သည်။ Fourth တစ်ယောက် ညက မိုးချုပ်သွားသည်မို့ မပြန်တော့ဘဲ Gem အိမ်မှာဘဲ အိပ်လိုက်တော့၏။
"Fot... နိုးနေရင်လည်း ထတော့လေ မနက်စာယူလာတယ်"
Fourth တစ်ချက် အပျင်းကြော ဆန့်လိုက်ပြီး စောင်တောထဲက ခေါင်းထွက်လာသည်။ Fourth မျက်နှာအသားရည်ကောင်းလို့လဲ မျက်နှာမသစ်ရသေးတာတောင် သူမျက်နှာက တောက်ပနေသည်။
"Gem~ "
"အင်း ကိုယ်ရှိတယ်"
"လာ ထူပေးအုံး "
Gem တစ်ချက်ရယ်လိုက်ပြီး Fot အနားသွားကာ fot ရဲ့ လက်နှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ကိုင်ကာ ဆွဲထူလိုက်သည်။ဆွဲထူလိုက်ပေမဲ့ Fot ကမပါလာဘဲ သူ့ဘက်ပြန်ဆွဲလိုက်တော့ Gem တစ်ယောက် fot ကိုယ်ပေါ်ကို မှောက်လျောက် ကျသွားသည်။ Fot ကသူ့ကိုဘေးချပြီး ခွဖတ်ကာ...။
"Gem~ တူတူပြန်အိပ်ရအောင်"
"Fot မဆိုးနဲ့ လွှတ်တော့ ကိုယ်အလုပ်ရှိသေးတာ မင်းသိပါတယ်"
Gem က နည်းနည်းလေး လေသံမာလိုက်မှ ထိုကောင်လေးက လွှတ်ပေးတော့သည်။ တစ်ခါတစ်ရံ ထိုကောင်လေးက ဆိုးလွန်းသည်။ သူ့ကို ဘုကြည့် ကြည့်ကာ ရေချိုးခန်းထဲ ပြေးဝင်သွားသည်။ Gem ကတော့ သူအိပ်ခဲ့တဲ့ အိပ်ရာ ကိုသိမ်းလိုက်သည်။
Fot ရေချိုးခန်းထဲက ထွက်လာပြီး တဘတ် တစ်ထည်ကိုသာ ပတ်ထားသည်။ရေတစ်ခါတည်းချိုးလိုက်သည့်ပုံ။ ဒီကောင်လေး ကသူ့ထက်ငယ်ပေမဲ့ လေ့ကျင့်ခန်းတော့ အမြဲလုပ်သည်ကိုတော့ သူတွေ့၏။ အဲ့တာကြောင့်မို့ ထင်တယ် သူ့ဗိုက်မှာ အဖုအထစ်တွေနဲ့ မဆိုးပါဘူး။ ကြည့်ကောင်းပါတယ်။