Gem တစ်ယောက် ဒီနေ့တစ်နေကုန် နားချိန်မရပေ။ မနက်တကည်းက ဆိုင်မှာလူကျခြင်းကြောင့်ပင်ဖြစ်သည်။ ဆိုင်စဖွင့်တုန်းက သူ့၏ သူငယ်ချင်းအရင်းကြီး pond ဖြစ်သူကို လစာပေးပြီး အကူအညီတောင်းခြင်းကို လက်ခံကာ တစ်လမှာ ဆယ်ရက်လောက်ကတော့ ပျက်နေခြင်းဖြစ်သည်။ ထုံးစံအတိုင်း ဒီနေ့လဲသူမလာတော့ Gem တစ်ယောက်တည်းပင်ပန်းရတာပေါ့။
မနက်ကတည်းက ဘာမှမစားရသေးတာမို့ ဗ်ုက်ကဆန္ဒပြလာပြီပင်။ ကြက်ဆီထမင်းတွေကုန်သွားပြီဖြစ်သော်လည်း သူအသစ်ထပ်မလုပ်ချင်။ သူရေခဲသတ္တာဖွင့်ကြည့်လိုက်တော့ပြန်တော့လည်း ခေါက်ဆွဲထုပ်ကုန်နေပြီပင်။
အဲ့တာကြောင်း သူလမ်းထိပ်က 24/7 ဖွင့်တဲ့ဆိုင်ကိုသွားပြီး ခေါက်ဆွဲထုပ်ဝယ်ရန်ပြင်လိုက်သည်။ အပြင်ဘက်ကြည့်လိုက်တော့ မိုးတွေက ဆဲနေပြီ။မကြာခင် ရွာတော့မည့်သဘောပေါ်တာကြောင့် သူထီးဆောင်းကာ ထွက်လာလိုက်သည်။
ဆိုင်ထဲသွားကာ လိုအပ်တာတွေအစုံဝယ်လာပြီး အိမ်သို့ပြန်လာသည့်လမ်းတွင် ကောင်လေးတစ်ယောက်နဲ့ဆုံတော့သည်။ ထိုကောင်လေးကိုတစ်နေရာမှမြင်ဖူးနေဟန်။ ဟိုတစ်နေ့က ညဘက်ကြက်ဆီထမင်းစားပြီး သူ့ကို အော်သွားတဲ့ကောင်လေး။ ထပ်တွေ့ကြပြန်ပြီ။
တဖြည်းဖြည်းနဲ့ သူနဲ့ကိုယ်နီးလာတော့ ကိုယ့်ကိုစိုက်ကြည့်နေတဲ့မျက်လုံးတစ်စုံ။ ရုတ်တရပ် သူ့ရင်ဘက်ထဲက ဒုတ် ဒုတ်နဲ့မြည်လာခဲ့သည်။ ဘယ်လိုဖြစ်တာလဲ။ အချစ်ဉီးသေပြီးတည်းက သေဆုံးသွားတဲ့နှလုံးသား ပြန်နိုးထလာပြီလား။ ဘယ်လိုမှ သူ့အကြည့်ကို ဆက်မကြည့်နိုင်တော့လို့ မြန်မြန်အကြည့်လွဲလိုက်သည်။ရင်ခုန်စွာဖြင့် အိမ်ကိုမနည်းရောက်အောင်ပြန်ခဲ့ရလေသည်။
တီ!
ရုတ်တရပ်ဖုန်းကမြည်လာသည်ကို ကြည့်လိုက်မိတော့ Pond။
"ငါ့ကိုသတိရသေးတယ်ပေါ့"
"ဟဲဟဲ သူငယ်ချင်းကလဲ ငါလဲမအားလို့ပါ"
"မင်းဒီလထက်ပြတ်ရင် ငါလစာမပေးတော့ဘူး"
"ဟာ မလုပ်ကောင်းပါဘူး Geminiရာ မင်းစီကပိုက်ဆံနဲ့ပဲ အမ်းနေရတာပါ"