fourth တစ်ယောက် ဒီနေ့ အလုပ်ဖျက်ပြီး ဟိုတစ်နေ့က လိုင်းပေါ်မှာတွေ့တဲ့ စတော်ဘယ်ရီခြံကိုသွားမှာဖြစ်သည်။ တစ်ခါမှမရောက်ဖူးတာမို့ ပထမဆုံးအကြိမ် ရင်ခုန်မိတာတော့အမှန်။တစ်ယောက်တည်းမသွားချင်တာမို့ phuwin ကိုခေါ်ပေမဲ့ သူကဒီနေ့ သူ့ကောင်မလေးနဲဲ့ ဒိတ်မှာမို့လို့တဲ့။ အတွဲတွေများမကောင်းပါ။ ရုတ်ထရပ်ဆိုသလို ကိုယ်နဲ့ဘာမှမဆိုင် ဟိုတစ်နေ့ကတွေ့ခဲတဲ့ လူကြီးနဲ့ အမတစ်ယောက်ကိုသွားသတိရမိတယ်။ အဲ့အမလှတယ်ဆိုပေမဲ့ ဟိုလူကြီးနဲ့မလိုက်ဖတ်သလိုခံစားရသည်။ ထားပါတော့...။
T-shirt အဖြူရောင်ကိိုမှ အလယ်တွင် စတော်ဘယ်ရီပုံစံလေးပါတဲ့အင်္ကျီလေးရယ် အမဲရောင်ဘောင်းဘီအတိုလေးကို ဝတ်လိုက်သည်။ အင်္ကျီအပေါ်မှာ အပြာရောင် အင်္ကျီလက်ရှည်ကိုထက်ဝတ်လိုက်ပြီး ကြယ်သီးများအား ဖြုတ်ထားသည်။
ပြင်ဆင်ပြီး ကားဂိုထောင်သို့ထွက်လာလိုက်သည်။ ဟိုတစ်နေ့ကမှ အဖေ့ကတ်ပေးထားတဲ့ကတ်ထဲက နောက်ဆုံးပေါ်ကားတစ်စီးဝယ်လိုက်သည်။ အဖေကတော့ သူကိုဆဲနေမှာအမှန်။ သူပဲအရမ်းတွေပေးချင်နေတာမဟုတ်လား။ သူပေးလို့ယူလိုက်တာပဲလေ။ fourth တစ်ယောက် နှုတ်ခမ်းတစ်ဖက်က မြင့်တတ်သွားလေသည်။ဒီလိုနဲ့ အဲ့ဒီခြံကို
2နာရီလောက်မောင်းပြီးရောက်လာခဲ့သည်။ကားကိုတစ်နေရာမှာ ရပ်ခဲ့ပြီး ခြံထဲဝင်လာလိုက်သည်။ အဝင်ဝမှာတင် အမတစ်ယောက်ကဖော်ရွှေစွာပြုံးပြပြီးခြံအကြောင်းရှင်းပြသည်။
"မောင်လေးဒီနေ့လာတာ ကံကောင်းတာပဲ"
"ဘာလို့လဲဗျ"
"ဒီနေ့လူနည်းလို့လေ အရင်ရက်တွေကဆို အမတို့ လူပြည့်ပြီလို့တောင်ပြောခဲ့ရတာ"
"အယ် ဟုလား"
"ဟုတယ် မောင်လေး ဒီမှာ ခြင်းနဲ့ ကတ်ကြေး မောင်လေးလိုချင်တဲ့အသီးကိုညှပ်ပြီးထည့်လိုက်နော်"
"ဟုတ်"
ထိုအမစီက ခြင်းနဲ့ကတ်ကြေးယူပြီး ဆက်လျှောက်လာတဲ့ တွေ့လိုက်တဲ့မြင်ကွင်းကြောင့် ဆွံအသွားခဲ့သည်။ လှလိုက်တာ။ အောက်တွေမှာရော ဘေးတွေရော အပေါ်တွေမှာပါ စတော်ဘယ်ရီ သီးတွေစိုက်ထားသောကြောင့်ဖြစ်သည်။ ဘေးပတ်လည်တွေစိုက်ထားသောကြောင့် ရှုပ်နိုင်သော်လည်း ခုစိုက်ထားသည်မှာ ရှင်းလင်းနေသည်။ သူအချိန်မဆွဲတော့ဘဲ အသီးတွေနားမြန်မြန်သွားလိုက်သည်။