Fourth အိပ်နေရင်း တစ်ယောက်" ကြည့်နေသလို ခံစားရတာကြောင့် မျက်လုံးကို အားယူပြီးဖွင့်လိုက်သည်။ Gem သည် သူ့ဘက်လှည့်ကာ လက်တစ်ဖက်ကိုထောက်ရင်း ထိုလက်ပေါ် ခေါင်းတင်ကာ သူ့ကိုကြည့်နေသည်။ လက်တစ်ဖက်ကလဲ သူ့ဆံပင်ကိုထိဖို့ပြင်နေစဉ် မျက်လုံးဖွင့်သွားသည်မို့ လန့်သွားသည့်ပုံ။
"ငါ့ကြောင့် နိုးသွားတာလား?"
"ဟုတယ် ဘာလို့လာကြည့်နေတာလဲလို့...."
အိပ်ချင်မူးတူး သံလေးနဲ့ သူ့ကိုချွဲနေသလို ပြောနေတဲ့ Fourth ကို Gemမွာ အသဲယားလာတာကြောင့် Fot ဆံပင်တွေကို လက်ဖြင့်ဖွလိုက်သည်။
"Gem~ ဆံပင်တွေပွကုန်ပြီလို့"
"အာ... အိုခေ"
Fot သည် Gem ကိုနောက်ကျောပေးပြီး စောင်ခေါင်းမြီးခြုံလိုက်သည်။
"ဒါဆို ငါ မနက်စာသွားပြင်လိုက်အုံးမယ်နော်"
စောင်ထဲကနေ ခေါင်းလေး တငြိမ့်ငြိမ့်ညိမ့်ပြတော့သည်။ သူလည်း တစ်ချက်ပြုံးကာ အိပ်ရာထဲက ထွက်လိုက်သည်။
fot က တော့ တုန့်တုန့်မလှုပ် ။ခနကြာတော့ gem က လင်ဗန်းလေးတစ်ခုကိုင်ဆောင်ပြီး အခန်းထဲသို့ပြန်ဝင်လာသည်။ ဗန်းကိုဘေးနားက စားပွဲပေါ်တင်ကာ Fourth ကို လက်လေးနဲ့အသာလှုပ််နိုးလိုက်သည်။
"Fot ရေ ထတော့"
Fourth က ဟိုလှိမ့်လိုက် ဒီလှိမ့်လိုက် အကြောဆန့်လိုက်လုပ်ပြီး ထထိုင်လာသည်။ထိုပုံစံကိုမြင်တော့ Gem က...။
"Fot ကအပျင်းထူလိုက်တာကွာ"
"အဲ့တော့ မချစ်ဘူးလား"
"ချစ်တာပေါ့ ခုတော့ မျက်နှာသွားသစ်"
"အိုခေ2 ခနပဲစောင့်"
လက်မနဲ့ လက်ညိုးကို ထိကာအဝိုင်းပုံစံလုပ်ပြီး သူ့ကိုပြကာ ရေချိုးခန်းထဲ ဝင်သွားသည်။ Gem ကတော့ သူအိပ်ခဲ့တဲ့အိပ်ရာကို သိမ်းနေလိုက်၏။ ထို့နောက် fotထွက်လာကာ အိပ်ရာပေါ်မှာ ထိုင်လိုက်သည်။
"ဒီနေ့ ဘာလုပ်ထားတာလဲ"
Gem သည် ကြက်ဆီထမင်းသာမက တခြား အစားစာတွေလုပ်တာမှာလည်း ထူးချွန်သည်။ မနက်စာကိုလည်း သူ့ကိုတစ်နေ့တစ်မျိုးမရိုးရအောင် လုပ်ပေးသော Gem ကိုသူတကယ်သဘောကျမိသည်။