2 လကြာသော်
ခုဆိုရင် Gem နဲ့သူနဲ့က အရမ်းတွေခင်မင်နေပြီပင်။ ခင်မှသိလာတဲ့ Gem အကြောင်းတွေကတော့ သူထင်ထားတာနဲ့ တလွဲ။ အမှန် သူထက် 4နှစ်ပဲကြီးသည်။ ပြီးတော့ သူရဲ့ မိဘတွေက မရှိတော့ဘူးပင်။ သူ့အမွေတွေနဲ့ ထိုကြက်ဆီထမင်းဆိုင်းကိုဖွင့်ထားခြင်းဖြစ်သည်။ ဆိုင်မှာရှိတဲ့ ကောင်မလေးကလည်း သူရဲ့ တူမလေးဖြစ်သည်။
Gem ရဲ့အရင်ဆိုင်လေးမှာ ခုဆိုဖျက်သိမ်းခံလိုက်ရပြီဖြစ်သည်။ ဆိုင်သိမ်းခံနေတဲ့အချိန်ကဆို သူတော်တော် ဝမ်းနည်းနေရှာတာ။ ငါပဲသူ့အနားပဲအဖော်လုပ်ပေးရတာ။ Gem က ဘဝကိုသိလိုက်ရတော့ သူတောင် Gem ကို သနားမိသွားသည်။
'long night, days dream
sugar and smoke ring..'ပြောရင်းဆိုရင်း Gem စီက ဖုန်းဝင်လာခဲ့သည်။ သူမှတ်ထားတဲ့ နာမည်လေးကိုကြည့်ပြီး တစ်ချက်ပြုံးမိသွားသည်။
"ဟယ်လို"
"အင်း မင်းပြောတဲ့ပင်လယ်စာဆိုင် သွားရစားရအောင် ဒီနေ့ဆိုင်ပိတ်ထားလို့"
တကယ်တော့ Gem ကအရမ်းအသေးစိတ်ကျတာ။ သူမှတ်ဉာဏ်လည်း အတော်ကောင်း။ ခုလည်း Fot သူပြောတဲ့ပင်လယ်စာဆိုင်ကို သူကမမှတ်မိ။ Gem က ခုထိမှတ်မိသေး။ သူ Gem ကိုသဘောကျတဲ့အချက်ထဲမှာ ဒီအချက် ကထိပ်ဆုံးပဲ။
"ဆိုင်ဘာလို့ပိတ်?"
"Love လေ ဒီနေ့ သူပြသနာရှာထားလို့ ပြန်ရှင်းပေးရအုံးမယ်"
"555 ဒီကောင်မလေးကတော့ "
Love ကတော့ Gem ရဲ့ဝမ်းကွဲညီမ ဖြစ်သည်။ အရင်းမဟုတ်ပေမဲ့ အချင်းချင်းတော့ ရင်းနှီးကြသည်။ Love က တစ်ခုမဟုတ်တစ်ခုပြသနာရှာလာတိုင်း Gem ပဲအမြဲလိုက်ရှင်းပေးလေ့ရှိသည်။ ပြသနာကတော့ အပြင်လူနဲ့ဖြစ်တာမဟုတ်ဘဲ သူ့အိမ်က သူ့မိသားစုနဲ့ပဲပင်။ မတည့်တော့ဘူးလားဆိုတော့လဲ ပြန်"တည့်ကြတာပဲ။
"အဲ့တာဆို အသင့်ပြင်ထားလိုက်နော် လာခေါ်မယ်"
"အေး"
Fot လည်း ဖုန်းချပြီး အဝတ်ထုတ်ကာ ရေချိုးခန်းထဲဝင်သွားတော့သည်။ မှန်ရှေ့တွင်ရပ်ကာ သူ့ကိုယ်သူပြန်ကြည့်ကာ ပြုံးနေလိုက်သည်။ Gem ရဲ့ဂရုစိုက်မူခံရတာ တကယ်ခံစားချက်ကောင်းသည်။