ညနေရောက်တော့ fourth တစ်ယောက်ပြန်နိုးလာခဲ့သည်။ နိုးနိုးချင်း ရေချိုးကာ အင်္ကျီလဲလိုက်တော့သည်။ ထို့နောက် မျက်မှန်အထူကြီးတပ်ကာ ကွန်ပြူတာ ဖွင့်ပြီး ကီးဘုတ်ပေါ်တွင် လက်ချောင်းကိုများကို စတင်လှုပ်ရှားပါတော့သည်။
fourth ဘာလုပ်လဲသိချင်နေကြပြီလား?။ ဟုတ်ပါတယ် တကယ်တော့ Fourth ကစာရေးဆရာတစ်ယောက်ပါ။ အရမ်းကြီးမအောင်မြင်ပေမဲ့ အသင့်တယ်လောက်တော့ရှိတာပေါ့။ အမေမဆုံးခင်ကတည်းက စလုပ်လာခဲ့သည့်အလုပ်ဖြစ်သည်။ အမေကတော့ အရင်တုန်းက ကျော်ကြားတဲ့ စာရေးဆရာမ တစ်ယောက်။ သူစာရေးဆရာတစ်ယောက်ဖြစ်တာလည်း အမေ့စီက အမွေဆိုလဲမမှား။
ခုဆိုရင် သူစာအုပ်နှစ်အုပ်ထုတ်ဝေပြီးဖြစ်သည်။ ခုလက်ရှိ ရေးနေသည့် ဝတ္တုက ကျွန်တော့်ကိုကို တဲ့။ ဘာစိတ်ကူးပေါက်လဲမသိ Bl ဝတ္တုရေးချင်စိတ်ပေါ်လာခဲ့သည်။ Gem ကိုစတွေ့သည့်အချိန်ကစ၍ပေါ့။ ရေးလက်စကို လက်စသတ်လိုက်ပြီး တင်လိုက်သည်။ ထို့နောက် တီ! တီ! ဆိုတဲ့အသံများစွာ ထွက်လာသည်။ မန့်ထားတဲ့ cm တွေကြည့်ပြီး သူပြုံးမိသည်။
ကွန်ပြူတာ ပိတ်ကာ မျက်မှန်ကိုဘေးသို့ချွတ်လိုက်သည်။ ထို့နောက် အခန်းပြင်ထွက်၍ မီးဖိုချောင်စီသို့။ ရေခဲသတ္တာ ဖွင့်လိုက်တော့ ရေဗူးလေးတွေက သူ့ကို လှောင်ပြုံးပြုံးနေဟန်။
" အာ...ဟိုတစ်နေ့က အဖေပေးထားတဲ့ကတ်ကကျန်သေးလားမသိဘူး။ အဲ့ဒါနဲ့ပဲ အပြင်မှာဝယ်ပြီးစားတော့မယ်"
ဒါပေမဲ့ တစ်ယောက်တည်းသွားရမှာပျင်းလို့ သူ၏ချစ်သူငယ်ချင်း အိုက်ဖူးဝင်းပါ ခေါ်ဖို့ဆုံးဖြတ်လိုက်သည်။
"ဟယ်လို အချစ်လေး ငါ့ကိုသတိရလို့လား"
"အားးး ကြက်သိမ်းထတယ် မခေါ်စမ်းနဲ့"
"5555 အိုခေပါ ဘာကိစ္စ"
"ဒီနေ့ အပြင်ထွက်စားချင်လို့ လိုက်ခဲ့ပေး ဖားသားကြီး ပေးထားတဲ့ပိုက်ဆံကျန်သေးတယ်"
"မင်းကနော် အမြင်မကြည်ဘူးဆို သူ့ပိုက်ဆံတွေကြတော့ ယူသုံးတယ် အမြင်သာကြည်ရင် ဟိုက စီးပွားရေးပျက်မလားမသိဘူး"