ဒုတိယတွေ့ဆုံမူ

353 26 2
                                    

U

*long night, day dreams
  Sugar and smoke ring,
  I've been a fool but *

ဖုန်းလာသံကြောင့် fourth တစ်ယောက် နိုးသွားပြီး မျက်လုံးမပွင့်နိုင်ဘဲ လက်ဖြင့် သူ့အိပ်ရာကဘေးက ဖုန်းကိုယူကိုင်လိုက်သည်။

"ဟယ်လို Fourth ပြောနေပါတယ်"

"ချီးကို fourth လား အိမ်ရှေ့ရောက်နေပြီ တံခါးလာဖွင့်"

ဖုန်းထဲက Phuwin ရဲ့ဆဲသံကြောင့် သူမျက်လုံးကျယ်သွားတော့သည်။ ဒီနေ့ သူတို့သူငယ်ချင်းတွေ့ဆုံပွဲနေ့ပဲ။ ခနလေး ခုဘယ်နှနာရီလဲ။ Shit! 9နာရီခွဲနေပြီ ဟိုက10 နာရီအရောက်ပင်သွားရမှာဖြစ်သည်။ fourth တစ်ယောက်အမြန်ထပြီး သူ့ချစ်သူငယ်ချင်း Phuwin ကိုသွားခေါ်ကာ ဧည့်ခန်းတွင် ထိုင်စေပြီး သူကတော့ ရေချိုးခန်းထဲပြေးဝင်သွားခဲ့သည် နောက်က ဆဲသံတချို့ကို လျစ်လျူရှူရင်းနဲ့ပေါ့။

သူတွေ့တဲ့အဝတ်စားကိုယူဝတ်ကာ ကြုံရာရေမွှေးကောက်ယူစွတ်လိုက်တော့သည်။ သူ့ပုံစံကို မှန်ထဲကပြန်ကြည့်ကာ တစ်ခုခုလိုနေသလိုခံစားရသည်။ အော်  နာရီ ဟုတ်တယ် သူနာရီဝတ်ဖို့မေ့နေတာပဲ။ အံစွဲ ထဲက နာရီဘူးလေးကိုထုတ်လိုက်သည်။

အကိုလက်ဆောင်ပေးတဲ့ နာရီ သူထုတ်မဝတ်တာကြာခဲ့ပြီ။ မှတ်မိသလောက်ကတော့ အထက်တန်းပြီးတဲ့နေ့မှာ နောက်ဆုံးဝတ်ခဲ့တာ။ အနာဟောင်းတွေမစွချင်တာကြောင့် သူနာရီကိုအမြန်ကောက်ဝတ်ပြီးဆင်းလာခဲ့တော့သည်။

အောက်ရောက်တော့ Phuwin က ဧည့်ခန်းမှာ တီဗီဖွင့်ရင်း ကိတ်မုန့်စားနေလေရဲ့။ မဟုတ်သေးပါဘူး ဒါငါဟိုတစ်နေ့က ဝယ်ထားတဲ့ မုန့်လေးမလား။

"အိုက်ဖူးဝင်း ဘယ်သူ့ခွင့်ပြုချက်နဲ့ ငါ့မုန့်ယူစားနေတာလဲ!!!"

"ငါဗိုက်ဆာနေတာကို မင်းက ပြင်ဆင်နေတာလဲ အကြာကြီးပဲကို "

ဖူးဝင်း၏ညည်းညူသံကြောင့် စိတ်နည်း"​ဖြေလိုက်ရသည်။ အမှန်တော့ သူလည်းကြာခဲ့ပြီမဟုတ်လား။

"အမ်း အမ်း....သွားမယ် အချိန်မမှီဘဲနေမယ်"

ဖူးဝင်းကသူ့ကိုပြုံးပြပြီး အလျင်အမြန် အပြင်သို့ထွက်သွားလေသည်။ သူလည်း ဖူးဝင်းဖွထားတဲ့ဟာတွေရှင်းကာအခန်းကိုသေချာ သော့ခတ်ခဲ့လိုက်သည်။ နှစ်ယောက်လုံး အောက်ထပ်ဆင်းပြီး ကားဂိုထောင်ထဲက ဖူးဝင်းကားနဲ့ပဲ အတူသွားကြတော့သည်။

fall in love with older manWhere stories live. Discover now