~ တွေ့ဆုံခြင်း ~

372 31 13
                                    

တရုတ်ချစ်သူများနေ့ ~
မေ ၂၀ - ရှန်ဟိုင်းမြို့လယ်

နေရာတိုင်းမှာ မီးရောင်စုံတွေနဲ့ လှပနေသည် .. ပုံမှန်လိုညမျိုးတောင် လူစည်ကားလေ့ရှိသည့် မြို့လယ်ခေါင်မှာ ဒီနေ့တော့ အတွဲကိုယ်စီနှင့် ချစ်သူရည်းစားတို့ တစ်သီတစ်တန်း ...

'' အလုပ်ကို အာရုံစိုက်ကြနော် ... ရည်းစားတွေဆီ စိတ်ရောက်မနေနဲ့ ...လူကျနေတော့ ဧည့်သည်တွေကို ဂရုစိုက်ကြ ´´
ဆိုင်ရဲ့မန်နေဂျာက မီးဖိုချောင်ဘက်ကို အော်ပြီး သတိပေးလာသည် ...

ပွဲတော်နေ့တွေ အထူးနေ့တွေဆို ဒီလိုပဲ စည်းကားနေကျမလို့ အလုပ်လုပ်နေကျလူတွေက အသားကျနေပေမယ့် ဆောင်းချန်ကတော့ ပိုကြိုးစားနေသည်

'' ဟို အသစ်ကောင်လေး စားပွဲဝိုင်း ၅ ကို အော်ဒါသွားချ ... ကြိုတင်မှာထားတဲ့ဝိုင်းပဲ ´´
ဝိတ်တာခေါင်းဆောင်က ပခုံးကိုပုတ်ပြီး ပြောလာတာမလို့ ဆောင်းချန် ခေါင်းညိတ်လိုက်သည် ...

မီးဖိုချောင်ဘက်က နံပါတ် ၅ လို့ စာရွက်ညှပ်ထားသည့် လင်ပန်းကြီးကို ဆောင်းချန်ယူပြီး လျှောက်လာတော့ ငွေရှင်းကောင်တာက
ကောင်မလေးက ပြုံးပြသည် ...

ကိုယ့်ထက် အသက်ငယ်ပြီး ဖော်ရွေတဲ့ ကလေးမ မလို့ အချိန်မကြာသေးဘဲ ခင်နေတာ ဖြစ်သည် ...

စတိတ်ပေါ်မှာ အဖွဲ့တစ်ဖွဲ့က ကောင်းကောင်း ဖျော်ဖြေနေပြီး ဒီနေ့အတွက် သီချင်းသွားရာလမ်းကြောင်းက အချစ်အကြောင်းတွေချည်း ဖြစ်သည် ... နာမည်ကြီး ဘားပီပီ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းနှင့် ပိုက်ဆံရှိလူတန်းစားများ မိဘပိုက်ဆံနှင့် ငြိမ့်နေတတ်သည့် ဆယ်ကျော်သက်များဖြင့်သာ ပြည့်နေတတ်သည် ..

'' ကောင်းကောင်း သုံးဆောင်ပါ ´´
ဆောင်းချန်ကပြောပြီး သယ်လာသည့် အစားအသောက်တွေကို ချလိုက်တော့ နောက်က လိုက်လာသည့် ဝိတ်တာကောင်လေးတစ်ယောက်ကပါ ခေါင်းငုံ့ရင်း ဝိုင်ပုလင်းနဲ့ ခွက်တွေကို စီချပေးလိုက်သည် ...

ဆိုဖာမှာ ထိုင်နေသည့် လူတွေကို မျက်ထောင့်စွန်းကနေ မသိမသာအကဲခတ်လိုက်တော့ ခပ်ဟော့ဟော့ ကောင်လေးတစ်စု ... အပြင်အဆင်ကတော့ နာမည်ကြီး ဆယ်လီတွေနှင့်တောင် တူနေသည် ...

Dear Pain ( Completed ) Where stories live. Discover now