~ Letter ~

141 20 8
                                    

~Ending က ရှေ့ပိုင်းမှာနော် အရင်ဖတ်ပါ ~

ဆက်တိုက်သတိပေးချင်ခဲ့တာက title ကို မမေ့နဲ့ ဆိုတာပါပဲ ...

ဟင်းးးးးး

သက်ပြင်းရှည်ကြီး ချနိုင်ခဲ့ပြီ ...

ခက်ခဲပင်ပန်းတာမျိုးမဟုတ်ဘဲ ဒီကောင်ကြီးကိုက တအားစိုးရိမ်မှုများခဲ့တာ စိတ်ပူခဲ့တာ

ဆက်တိုက် မြုပ်ထားတာတွေ များလာတော့ ဖြည်ချလိုက်ရင် ပေါ့နေမှာမျိုး

အဓိပ္ပာယ်မရှိတာမျိုး ဖြစ်မှာစိုးပြီး တအားထိခိုက်စေမှာကို ကြောက်မိခဲ့တယ်

ဒါပေမယ့် ခေါင်းမာမာနဲ့ပဲ အဆုံးသတ်နိုင်ခဲ့တာပါ

မွေးထားတဲ့ကလေးတွေကြား ခပ်မိုက်မိုက်လေးမလို့ စန်တာကောင်ကြီးလို့ နာမည်ပေးထားပြီး

ငါ တစ်ခုခုဖြစ်သွားရင်တောင် တမလွန်ကနေ စန်တာကောင်ကြီးကို အဆုံးသတ်မှာပါလို့ တင်စားခဲ့ရင်း အတ္တကြီးမိခဲ့တယ် ..

plot တွေကို သုံးလေးခါ ချိန်းမိပြီး ကိုယ်တိုင်တောင် ကြိုမှန်းလို့မရဘဲ လွှတ်ပေးထားခဲ့တာ

သူသွားချင်ရာသွားပါစေဆိုပြီးတော့လေ အဲ့ဒါကြောင့် စိတ်ကူးတည့်ရာတွေ ဖြစ်နေသလား    မသိပေမယ့်

နောက်ဆုံးထိ အပြတ်ရေးပြီးချိန်မှာတော့ ပြန်ပြင်လိုခြင်း မရှိခဲ့ပါဘူး

လိုအပ်ချက်နဲ့အမှားတွေ ရှုပ်ထွေးတာတွေ ပုံစံမကျတာတွေအများကြီးရှိနေပေမယ့်

ဒီအားမရစရာတွေကို ဘာလို့ ကျော်ခွပြီး မြုပ်ထားမိခဲ့လဲမသိ ..

ဒီတိုင်း အရမ်းမလိုအပ်တာတွေကို pass ပေးထားမိခဲ့တယ်ပဲ စိတ်ဖြေပေမယ့်

မနှစ်သက်ခဲ့သည်ရှိသော် .. ဟေဇယ့်ကိုပဲ အပြစ်တင်ပါ ..

ကြေကွဲရသည်ပေါ့လေ ..

မလှပတဲ့အဆုံးသတ်မလို့ ထပ်ဆင့်ကွဲရသည် နှမြောရသည့်ထဲ ရင်ကွဲရသည်

DP အတွက် အချိန်အများကြီးမယူခဲ့ပါဘူး သူက Connection ထက် အရင်အတွေးပေါ် ခဲ့တာဆိုတော့ မြန်နေခဲ့ပါတယ် ...

လအနည်းငယ် အတူရှိပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရင်း လွမ်းနေမှာပါ ..

ခွဲရမှာမလို့ ခံစားရပါတယ် ..

အငယ်လေး Melting Heart ကိုလည်း တစ်လှည့် စောင့်ရှောက်ပေးကြပါဦးလို့ တောင်းဆိုရင်း

အကြီးဆုံးလေး Connection ကိုလည်း မမေ့ဘဲ

စန်တာကောင်ကြီး Dear Pain ကိုတော့ အမြဲ အမှတ်ရပေးနော် ...

ပြီးသွားပြီဆိုတော့လည်း ဝေဖန်ထောက်ပြရင်း
DP အပေါ်ထားတဲ့စိတ်သဘောထားတွေကို
သိမ်းဆည်းချင်ပါတယ်

feedback လေးတွေ ထားသွားကြနော် ဖတ်ချင်လို့ပါ

* အခုထိတော့ special & extra မရှိသေးပါ လုံးဝမရှိတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ် ..

ဒီတိုင်းလေး ထားချင်သေးလို့ပါ *

Hazel

Dear Pain ( Completed ) Where stories live. Discover now