~ လွှမ်းမိုးမှု ~

155 30 21
                                    

ချက်ချင်းပင် အိပ်ပျော်သွားသည့် ဝွန်ဘင်းကို ဆောင်းချန် ကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည် .. 

ဝွန်ဘင်းရဲ့ နဖူးပေါ်ဝဲကျနေသည့် ဆံပင်ဖွာဖွာလေးတွေကို ဆောင်းချန် လက်ညိုးနှင့် ဖယ်လိုက်ပြီး ဒီအတောအတွင်း မပေးဖူးသည့် နူးညံ့ဆုံး အနမ်းကို ပေးလိုက်သည် ...

စောင်ကိုသေချာဆွဲခြုံပေးပြီး အောက်ထပ်က ပစ္စည်းတွေ ရှင်းလင်းဖို့ ဆောင်းချန် ဆင်းလိုက်သည် ...

ထမင်းချက်သည့် အဒေါ်ကြီးက မီးဖိုချောင်မှာ ချက်ပြုတ်ရင်း ဆောင်းချန် ပစ္စည်းတွေ သိမ်းနေသည့် အသံကြောင့် ပြေးထွက်လာသည် ...

'' လူလေး .. ဘာများကူညီပေးရမလဲ ´´
'' ရပါတယ် ကျွန်တော်ကိုယ်တိုင် ရှင်းချင်လို့ .. ဟင်းတွေချက်ပြီးပြီလား ´´

'' အကောင်းဆုံး ပြင်ဆင်နေပါတယ် ´´
'' ကောင်းပြီ ဆက်လုပ်ပါ ကျွန်တော် လိုအပ်ရင် ခေါ်လိုက်ပါ့မယ် ´´

ဝွန်ဘင်းနှင့် ပတ်သက်သည့် အရာတိုင်းကို ကိုယ်တိုင် ကိုင်တွယ်တတ်သည့် ဆောင်းချန်က တစ်အိမ်လုံးမှာ ဘယ်သူမှ အသိမခံသော အဝတ်ခန်းထဲသို့ ဝင်လိုက်သည် ...

မနှစ်က collection တွေထိ ဝွန်ဘင်းက တွေ့ပြီး အံ့သြနေပေမယ့် မှန်ဘီရိုတွေရဲ့ နောက်ဘက်က ကန့်ထားသည့် အခန်းဆက်တို့မှာ လွန်ခဲ့သည့် နှစ်တွေက ဝွန်ဘင်းရဲ့ လက်ရာတို့က ထပ်ရှိနေလေသည် .

အချိန်အတော်ကြာ လျှောက်လမ်းတို့ကို လှည့်ပတ်ကြည့်ပြီး ဆောင်းချန် နံရံကပ်တံခါးကို ပြန်ပိတ်လိုက်သည် ...

အဝတ်တန်းက အဝတ်တို့ကို သေချာခေါက်ကာ ဖြုတ်သိမ်းပြီး ရေကန်ဘက်ကို ရေပြန်လဲသည်ကအစ သန့်ရှင်းရေးအဆုံး ဆောင်းချန်ကိုယ် တိုင် လုပ်နေတော့ ခြံစောင့်ကြီးက သိပြီး ပြေးဝင်လာသည် ...

'' ဘာလို့ ကိုယ်တိုင်လုပ်နေတာလဲ ကျွန်တော် လုပ်မှာပေါ့ ... ´´
'' ရပါတယ် ကျွန်တော်ပဲ ဆက်လုပ်လိုက်မယ် ´´

ဆောင်းချန်က ပြောပြီး အဖြစ်အပျက်တို့ကို တွေးကာ ပြုံးမိလိုက်သည် ...

အောက်မှာ အလုပ်ပြီးတော့ အပေါ် ထပ်ကို ပြန်တက်ကာ အခန်းတံခါးကိုအသာဖွင့်ပြီး ဝင်လိုက်သည် ..

Dear Pain ( Completed ) Where stories live. Discover now