ဆောင်းချန်က ဖုန်းသံကြောင့် နိုးသွားပြီး ..
'' ဆရာ .. ပြောလို့အဆင်ပြေရဲ့လား ''
'' အရေးကြီးလား ... ခဏ ''ဆောင်းချန်က ကျောပေးအိပ်နေသည့် ဝွန်ဘင်း မနိုးအောင် အိပ်ရာကနေ အသာလေးထပြီး ဆင်းလိုက်သည် ...
ဆောင်းချန်က အခန်းအပြင်ဘက်ထွက်ကာ ဖုန်းပြောပြီး ပြန်ဝင်လာတော့ ဝွန်ဘင်းက လှဲနေရင်း လှမ်းကြည့်နေသည် ...
'' ဆောရီး .. ကိုယ့်ကြောင့် နိုးသွားတာလား ''
ဝွန်ဘင်းက ခေါင်းခါပြလိုက်တော့ ...
'' ပြန်အိပ်ဦးလေ ... ကိုယ် မေးလ်တစ်စောင်လောက် ပို့စရာရှိလို့ ''ဆောင်းချန်က ပြောပြီး လက်ပ်တော့ကို ယူကာ ကုတင်စွန်းမှာထိုင်ပြီး ပေါင်ပေါ်တင် ဖွင့်လိုက်သည် ...
ဝွန်ဘင်းက ကိုယ်ကို တစ်ပတ်လှည့်ပြီး ဆောင်းချန်နား တိုးကပ်လာသည် ...
ကန့်လန့်ဖြတ် ပက်လက်လှန်ရင်း လာကြည့်နေသည့် ဝွန်ဘင်းကို ဆောင်းချန်က တစ်ချက် စောင်းကြည့်ပြီး မေးလ်တစ်စောင် မြန်မြန်ရိုက်လိုက်သည် ...
ဝွန်ဘင်းရဲ့ လက်ချောင်းတို့က typing ရိုက်နေသည့် ဆောင်းချန်ရဲ့ လက်တစ်ဖက် လက်မောင်းရင်းကနေ ပွတ်ဆွဲလာပြီး လက်အောက်ကို လျှိုဝင်ကာ ဗိုက်ကြွက်သားတို့ကို ပွတ်သပ်နေသည် ...
ဆောင်းချန်က အပေါ်ပိုင်းဗလာနှင့် တဘတ်တစ်ထည်ကိုသာ ခါးမှာပတ်ထားပြီး ဝွန်ဘင်းကတော့ မွေ့ရာစောင်ထူထူတစ်ထည်ကို ရင်နားထိဖုံးထားလျက် ...
ဆောင်းချန် မျက်ခုံးများမြင့်တက်ပြီး စာရိုက်သည်ကို အရှိန်ပိုမြှင့်ကာ မြန်မြန်အပြီးသတ်ပြီး လက်ပ်တော့ကို ပိတ်ချလိုက်သည် ...
အချိန်အနည်းငယ်ကြာ လာကလိနေသည့် ဝွန်ဘင်းလက်ကို ဖမ်းဆုတ်ဖို့လုပ်တော့ ဝွန်ဘင်းက ရှောင်လိုက်ပြီး ထထိုင်ကာ တစ်ဖက်ကုတင်စွန်းဘက်မှာ ထိုင်ပြီး ဖုန်းကိုဖွင့်လိုက်သည် ...
ဆောင်းချန်က ခေါင်းခါရင်း ရယ်လိုက်ပြီး လက်ပ်တော့ကို စားပွဲပေါ်တင်လိုက်ကာ ကုတင်ကို ပတ်လျှောက်ပြီး ဝွန်ဘင်းနားကပ်ထိုင်လိုက်သည် ...