~ အတိတ်ပုံရိပ် ၂ ~

133 27 18
                                    

အခန်းခွဲနေကြဖို့ game ဆော့ကြပြီး ဝွန်ဘင်းက အေးအေးလူလူ သီးသန့်ခန်းလေးမှာ အထုတ်တွေချကာ အဝတ်အစားတွေထုတ်လျက် ..

စိတ်ပါပါမပါပါ .. ဒီဇိုင်နာဆိုပြီး လူတွေသိထားကြပြီဆိုတော့ ဖက်ရှင်ပိုင်းကိုတော့ ဂရုစိုက်ဖို့လိုတာမလို့ ကြိုတင်စီစဥ်ထားရသည် ..

ခြေထောက် နာနေသည်ကိုတော့ မြန်မြန်ပျောက်အောင် လုပ်ရတော့မည် ...

ရိုက်ကူးရေးက လောလောဆယ် နားနေပြီး ကိုယ်ပိုင်အချိန်ရှိသည်မလို့ ဝွန်ဘင်းအိပ်ဖို့လုပ်နေတုန်း ..

'' ဒေါက် ဒေါက် ´´
အခန်းတံခါး ခေါက်လာသည် ..

'' ဟုတ်ကဲ့ ´´
ဝွန်ဘင်းကပြောတော့ တံခါးဖွင့်လိုက်သူက အွန်းဆော့ ... နောက်မှာတော့ ဆောင်းချန်

'' အော် ဟျောင်း ဝင်လာလေ ´´

'' သက်သာရဲ့လား ခြေထောက်က ´´
'' ဟုတ် သက်သာပါတယ် ´´

'' အေး အေး နောက်ဆို ဂရုစိုက်ကွာ activity တွေက တောက်လျှောက် ပါလာဦးမှာ ´´
'' ဟုတ် ဟျောင်း ´´

နောက်က ဘဲက ခေါင်းတိုးဝင်ပြီး ဝွန်ဘင်းကို ပြုံးပြနေသည်ကို ဝွန်ဘင်းမသိချင်ယောင်ဆောင်လိုက်သည် ...

'' မင်းက ပထမဆုံးတွေ့တာကို ဘာတွေဖြစ်နေတာလဲ မင်းကောင်မလေးတွေကို လှည့်စားသလို ငါ့ညီကို လာမနှောက်နဲ့နော် ´´

အွန်းဆော့က ဆောင်းချန်ဖြစ်နေသည်ကို အနီးကပ်မလို့ ပိုမြင်ရပြီး ပိတ်ပြောတော့ ..

' ဟေ့ကောင် ငါ တစ်ကယ် စိတ်ဝင်စားနေတာပါကွာ´

အွန်းဆော့က ချက်ချက်ကြီး ဝွန်ဘင်းဆီ စိတ်လည်လာသည့် ဆောင်းချန်ကြောင့် ခေါင်းသာရမ်းမိသည်

ရိုက်ကူးရေး ဒုတိယမြောက်နေ့

'' ဝင်လာလို့ရမလား ´´

အချိန်က ညသန်းခေါင်ကျော်နေပေမယ့်          ဝွန်ဘင်းက နေ့လည်က အိပ်မိထားတာကြောင့် မျက်စိကြောင်တာနှင့် ဖုန်းသုံးနေမိသည်

အေးဆေးနေချင်လို့ ဒီအခန်းရအောင်ယူထားကာမှ တစ်ယောက်ပြီးတစ်ယောက် စကားလာပြောနေတာကို မကောင်းတတ်လို့ လက်ခံရင်း အခုလည်း တစ်ယောက် ..

Dear Pain ( Completed ) Where stories live. Discover now