ဆောင်းချန်ဆီကို နံပါတ်စိမ်းတစ်ခုက ဝင်လာချိန်မှာတော့ ဝွန်ဘင်းကို ရှာမတွေ့ကြ၍ ဆောင်းချန် အွန်းဆော့တို့နဲ့ စုရပ်မှာ ပြန်တွေ့နေကြချိန် ဖြစ်သည်
'' ရှူး ''
ဆောင်းချန်က တိတ်နေကြဖို့ အချက်ပြပြီး ဖုန်းကိုင်ကာ speaker ဖွင့်လိုက်တော့'' ခင်ဗျား ဝွန်ဘင်းကို ရှာနေရတာ မောရောပေါ့ ''
'' ဘယ်မှာလဲ မင်း သူ့ကို ဘာမှလုပ်ဖို့မကြိုးစားနဲ့ ငါ့ကိုပြောစမ်း ဘယ်မှာလဲ ''ဆောင်းချန်က ဒေါသတကြီးအော်တော့ မာဆာကီက အော်ရယ်နေပြီး ..
'' လာခေါ် လေ မဟုတ်ရင် ဒီနေရာကို မီးရှို့ပစ်မယ် ''
'' မီး .. မီး မလုပ်နဲ့ ဟေ့ကောင် မယုတ်မာနဲ့ ''အွန်းဆော့က အရမ်းလန့်သွားပြီး ဖုန်းကို ဆွဲလုလိုက်သည် ..
ဆောင်းချန်က လက်သီးနှစ်ဖက်ဆုတ်ထားကာ လောင်မြိုက်လျက် ..
'' မင်း ဘာလိုချင်တာလဲ ငါ အကုန်ပေးမယ့် ငါ့ညီကို လွှတ်ပေး ကလေးကို ဘာမှမလုပ်နဲ့ ''
'' ကျွန်တော့် အစီအစဥ်တွေကို ဖျက်ဆီးတဲ့ ဂျောင်ဆောင်းချန်ဆိုတဲ့လူနဲ့ပဲ ပြောမယ် အစ်ကိုကြီး ဖယ်နေပါ ''
ဆောင်းချန်က အွန်းဆော့ဆီက ဖုန်းပြန်ယူလိုက်ပြီး speaker ကိုပိတ်လိုက်ကာ ကားပေါ် အမြန်တက်လိုက်သည် ..
'' ပြော ဘယ်မှာလဲ ငါ့ကိုပဲ လာစေချင်တာမလား ''
'' ဟုတ်တယ် ခင်ဗျား တစ်ယောက်တည်းပဲလာခဲ့ ''အွန်းဆော့နှင့် လူတစ်စုက နောက်မှာ ဆောင်းချန် လူယုံနှင့်တိုင်ပင်ပြီး လိုက်ဖို့လုပ်ပေမယ့် ဆောင်းချန်က ကားမှန်ချပြီး ပြောသည် ..
'' တည်နေရာ သိရပြီ ငါတစ်ယောက်တည်းသွားမယ် ဘယ်သူမှ မလိုက်လာနဲ့ ''
ဆောင်းချန်က ပြောပြီး ကားကို တရှိန်ထိုး မောင်းထွက်သွားတော့ လူယုံက ဆိုသည် ..
'' ကျွန်တော် ဆရာ့ရဲ့ location ကို အမြဲသိနိုင်အောင် လုပ်ထားတာမလို့ အချိန်ခဏလောက်နေရင် နောက်က လိုက်လို့ရပါတယ် ''
လူယုံရဲ့စကားကြားမှ အွန်းဆော့ သက်ပြင်းချနိုင်ပြီး လူယုံကလည်း တောက်လျှောက်ဖုန်းကိုကြည့်နေခဲ့ကာ လိုက်သွားသင့်သည့် နေရာရောက်မှ ခပ်လှမ်းလှမ်းက လိုက်သွားကြသည် ..