ဇွဲကောင်းသည့် ဆောင်းချန်က ပွဲပြီးသည်အထိ စောင့်နေဆဲ ...
ဝွန်ဘင်းက အကုန်လက်စသတ်ပြီးနောက် ပစ္စည်းတွေသိမ်းကာ အပေါက်ဝကို ထွက်လာတော့ ဆောင်းချန်က လက်ပြလျက် ...
'' ဘာလို့ မပြန်သေးတာလဲ ´´
'' သတိရပေးမယ်ဆိုလို့လေ ´´ဝွန်ဘင်းက သူ ပြီးပြီးရော ပြောလိုက်သည့်စကားကြောင့် တိုင်ပြန်ပတ်နေသည် ...
'' ကိုယ် ဟိုတယ်တည်းနေတာလည်းမရှိဘူး ကားလည်းမရှိဘူး တာရို့အကူအညီနဲ့ ဒီရောက်လာတာ ´´
'' အဲ့ဒါဆို ဟိုတယ်တစ်ခု တည်းလိုက်လေ ´´'' အင်းလေ အခု သွားမလို့ ´´
'' သွားလေ ဘာလို့ ရပ်နေတာ ´´'' ဘေဘီသွားမှ သွားလို့ရမှာလေ ´´
'' ကျစ် အပြင်မှာ အဲ့လို မခေါ်နဲ့ ´´
ဆောင်းချန်က ရယ်လိုက်သည် ...'' ခင်ဗျား ဟိုတယ်တည်းတာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ ´´
'' ဘေဘီတည်းနေတဲ့အခန်းက ကိုယ့်အခန်းပဲလေ လိုက်နေမလို့ ´´ဆောင်းချန်က ဝွန်ဘင်းအနားကို ကပ်ပြောလိုက်သည် ...
'' ဘာဆိုင်လို့ .. သွား သွား ကျွန်တော် ပြန်တော့မှာ ´´'' ဒီလိုလုပ်လေ ´´
ဆောင်းချန်က လက်မလျှော့ ...'' မနက်ဖြန် နှစ်ယောက်လုံး ကိုရီးယား ပြန်မှာဆိုတော့ ကိုယ့်လေယာဥ်နဲ့ ခေါ်သွားပေးမယ် ဒီည ကိုယ့်ကို ပေးအိပ် ဘယ်လိုလဲ ´´
'' ကျွန်တော် လက်မှတ် ဖြတ်ပြီးပြီ ´´
'' မဖြတ်ထားဘူး ´´'' ဂျာကြီးက လက်မှတ်ဖြတ်ပြီးသား ခင်ဗျားက ဘာသိလို့ မဖြတ်ဘူး ပြောနေတာလဲ ဂျာကြီးကလည်း ကားသွားယူတာ ကြာလိုက်တာ ´´
'' ဟိတ် တက်ကြလေ ´´
ဆောင်းချန်နှင့်ဝွန်ဘင်းရပ်နေသည့်နေရာကို တာရို့ကားက ဆိုက်ဆိုက်မြိုက်မြိုက် ...'' တက်ပါ ´´
ဆောင်းချန်က ကားတံခါးကို ဖွင့်ပြီး ဝွန်ဘင်းကို ကားပေါ်တက်ဖို့ ပြောလိုက်သည် ..'' ရတယ် ကိုယ့်ဘာသာပြန်မယ် ´´
ဝွန်ဘင်းကပြောပြီး မန်နေဂျာကို ဖုန်းဆက်ဖို့ လုပ်တုန်း မန်နေဂျာ့ဖုန်းဝင်လာသည် ...