'' သောက်ရမ်းဂွကျလွန်းတယ် အခုအဖြစ် အပျက်ကို ဟိုနှစ်ကောင်သိရင်တော့ ဂွမ်း ´´
ပတ်ဝွန်းဘင်းက တက်စီကားပေါ်ထိုင်ရင်း တွေးမိသည် ... လူတစ်ယောက်နှင့် အီစီကလီလုပ်ဖို့က ဝွန်ဘင်းအတွက် အလွယ်ဆုံးအရာဖြစ်ပြီး ရှုပ်လာသည့် ဇာတ်ပေါင်းများစွာရှိပေမယ့် အခုလို နှုတ်ခမ်းပါးကို ဘယ်သူ့ဆီမှ ပေးအပ်ခဲ့ခြင်းမရှိ ...^ သိမ်းဆည်းထားတဲ့အရာကို ပထမဆုံးတွေ့တဲ့ ဘယ်ကမှန်းမသိတဲ့ ဘားကဝိတ်တာ ? မဟုတ် လူဆိုးတွေ နောက်ကလိုက်တာခံနေရသူ ? ကို ပေးလိုက်တယ် ... အဲ့ဒါလည်း ငါက စပြီး ရှစ် .. ပတ်ဝွန်ဘင်း တစ်ဖက်ကဘဲက သောက်ရမ်းအထာကျပေမယ့် ဒါကြီးက မဖြစ်သင့်ဘူးမလား ... ဖြစ်လည်း ပြသနာမရှိတာလား .. ထားပါ ဒါပေမယ့် အိုးမိုင်ဂေါ့ ဘယ်လိုတောင်လဲ ... ^
နောက်ကို မှီချရင်း လျှောထိုင်လိုက်သည် ...
ကားမှန်ကတစ်ဆင့် မြင်နေရသည်က ရှန်ဟိုင်းမြို့ရဲ့ ညဘက်စည်းကားမှုပေမယ့် စီးကရက် မက်မွန်က လျှာပေါ်စွဲနေသည် ..
^ ပတ်ဝွန်းဘင်း တော်စမ်းပါ ^'' ဟေ့ကောင် အိမ်ပြန်ရောက်ပြီလား အစ် .. ´´'' မူးရင် ဖုန်းမခေါ်နဲ့ ရောက်တာ မရောက်တာ ငါ့အပိုင်း လစ်စမ်းပါ မင်းတို့ အလကားကောင်တွေ ငါတစ်ခုခုဖြစ်ရင်တောင် သိကြမှာမဟုတ် ´´
အာလေးလျှာလေးဖုန်းခေါ်လာသည့် ထားခဲ့နိုင်သူ သူငယ်ချင်းကောင်ကို ဝွန်ဘင်း ပိတ်ပြောလိုက်သည်
'' အခု ဘာဖြစ်လို့လဲ သူငယ်ချင်းလေးရဲ့ ´´
အခြေအနေနည်းနည်းကောင်းသေးသည့် နောက်တစ်ကောင်က ဝင်ပြောသည် ...
'' ဘာဖြစ်ဖြစ် ကလေကချေတွေ သွားတော့ ´´ ဝွန်ဘင်းက ဖုန်းကိုချလိုက်ပြီး ခေါင်းခါလိုက်သည် ..ဟိုတယ်ပြန်ရောက်တော့ ရေချိုးကန်ထဲ ဝင်စိမ်လိုက်သည် ... ရာသီဥတုက နေလို့ကောင်းရုံ ... မျက်စိကိုအသာမှိတ်ကာ အလုပ်အကြောင်းတွေ တွေးတုန်း သပ်ရပ်လှသည့် ဘဲတစ်ပွေအကြောင်းသာ ခေါင်းထဲရောက်လာပြန်သည် .. ရှစ် .. မတ်တပ်ထရပ်လိုက်ပြီး ရေအေးတို့ကို ခေါင်းကတစ်ဆင့် ဖြန်းချလိုက်သည် ...
'' ဟိုကောင်တွေ ငါ့ကို ခြေရာခံမိပြီ .. ငါပြန်ဖို့ စီစဥ်လိုက် ပြီးတော့ ဘားက အလုပ်ထွက်ဖို့ကို မင်းပဲ ဆက်ရှင်းလိုက် ´´
'' ဟုတ်ကဲ့ပါ သူတို့ကို ဘယ်လိုကိုင်တွယ်ရမလဲ ´´
'' အဆုံးထိပဲ ... ငါ့မျက်နှာကို မြင်သူတိုင်း အရှင်မထားဘူး ... မင်း အပြီးသတ်နိုင်လား ´´
'' ကျွန်တော် ဖြစ်အောင်လုပ်လိုက်မယ် ´´