Unicode
ဝမ်ရိပေါ်လည်း အိမ်ပြန်ရောက်သည်နှင့်
"ရှန်းမေ ! ကျင်းရှန်းမေ ! မကောင်းတဲ့မိန်းမယုတ်ရယ် ထွက်လာစမ်းပါအုံး ! "
ကျင်းရှန်းမေတစ်ယောက် လှေကားထစ်ပေါ်ကနေ လှမ်းအော်လိုက်သည်။
" ရိပေါ် ! နင် အိမ်ပြန်ရောက်တာနဲ့ ဘာလို့အော်ကြီးဟစ်ကျယ်လုပ်နေတာလဲ ။ ငါ့မှာလည်း မပေါ့မပါးကြီးနဲ့လေ "
သူတော်ကောင်းယောင်ဆောင်ထားတဲ့ မြေခွေးလိုမိန်းမယုတ်က နစ်နာသူကြီးလို ဟန်ဆောင်နေပုံကို မြင်ရတာ ဝမ်ရိပေါ်တစ်ယောက် အလွန်ကိုရွံရှာမိသည်။
" ဟားဟား ... နင်ကများ နစ်နာသလိုဟန်ဆောင်မနေပါနဲ့တော့ မိန်းမယုတ်ရယ် "
ကျင်းရှန်းမေတစ်ယောက် တုန်လှုပ်နေသော အသံများဖြင့်
"ရိပေါ် ! နင် မဟုတ်တာတွေမပြောနဲ့နော် "
" မင်း ကျုံးကော်ရိန်ကို သိလား "
ထိုနာမည်ကြားလိုက်သည်နှင့် ကျင်းရှန်းမေ၏မျက်လုံးများမှာ ထိတ်လန့်သွားပုံပေါ်သည်။ ထစ်အ စွာဖြင့်
"ဘယ် ... ဘယ်သူတုန်း ... ငါ .. ငါ မသိဘူး "
ရိပေါ်တစ်ယောက် မဲ့ပြုံးပြုံးလိုက်ကာ
" အော် နင် မသိတော့ ... ငါက ပြောပြရမှာပေါ့ ။ နင့် ဗိုက်ထဲက ကလေးရဲ့ အဖေလေ ။ နင် ယွထ ထားပြီး ငါ့ကို တာဝန်ယူခိုင်းခဲ့တာ ... ငါ့ဘဝကို ဖျက်ဆီးပြီး ငါချစ်တဲ့သူနဲ့ ကွဲကွာအောင် လုပ်ခဲ့တဲ့ အကြောင်းအရင်းရဲ့ တရားခံလေ "
" နင် ... မဟုတ် တာတွေ မပြောနဲ့နော် !! "
ရိပေါ် သူ့လက်ထဲမှ သက်သေ ဖိုင်စာရွက်များကို ဘေးစားပွဲပေါ်ပြစ်တင်လိုက်ကာ
"ငါ အများကြီးပြောစရာ မလိုတော့ဘူးထင်တယ်။ ဒါတွေက သက်သေပဲ ။ သူငယ်ချင်းဖြစ်ခဲ့တာကို ထောက်ထားပြီးတော့ ငါ နင့်ကို ဘာမှ မလုပ်ခင် နင် ဒီကနေ ထွက်သွားလိုက်တော့ ! နင့်ကို သူလာခေါ်လိမ့်မယ်။ နင်သာ ငါ့မျက်စိရှေ့ ထပ်မပေါ်လာစေနဲ့ ! ငါ ဘာလုပ်မိမယ်မှန်းမသိလို့လေ ... ! "
YOU ARE READING
မထင္မွတ္ထားေသာဖူးစာ(မထင်မှတ်ထားသောဖူးစာ)
FanfictionUnicode သူငယ်ချင်းတွေရဲ့ စနောက်မှုအတွက်ရွေးချယ်ခံလိုက်ရရာကနေ မထင်မှတ်ထားစွာဖြစ်တည်လာတဲ့ ဖူးစာလေးတစ်ခု~ (ဒီ fic လေးက ပထမဆုံးစရေးဖူးတာလေးမို့ အရေးအသားရော ဇာတ်သွားရော ဟာကွက်တွေအပြည့်ပေမယ့် အမှတ်တရလေးမို့ပြန် publish လိုက်တာပါ။ ) Zawgyi သူငယ်ချင်းတွေရဲ့...