သုံးနှစ်....သူ့ကိုမတွေ့ရတာသုံးနှစ်ကြာခဲ့ပြီ....သူအဆင်ပြေရဲ့လား
ကျွန်တော်ကတော့အဆင်မပြေဘူး...သူမရှိတော့ကတည်းကကျွန်တော့်ကမ္ဘာကြီးအေးစက်သွားတာ...ပြသနာတွေအားလုံးရှင်းသွားပေမယ့် သူ့သတင်းကိုအစအနတောင်မကြားခဲ့ နေနိုင်လိုက်တာ....
ရက်စက်တယ်လို့လည်းမပြောလိုပါဘူး ကျွန်တော်ကသာရက်စက်ခဲ့သူမလား...သူ့ကိုကျွန်တော့်ဘဝထဲကနေ တွန်းပို့ခဲ့တာလည်းကျွန်တော်ကိုယ်တိုင်ပင်...."ညီရေ ညီ"
"Aww....အကိုလာ"
လျိုဟိုင်ခွမ်း(ဇယ်ဝူကျွင်း)
လျိုဟိုင်ခွမ်းဟာ ရီပေါ်ရဲ့အကိုဝမ်းကွဲတစ်ယောက်.....လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှနိုင်ငံခြားမှစိုက်ပျိုးရေးနည်းပညာသင်ယူကာ တရုတ်ကိုပြန်ရောက်လာသူ...ပြန်ရောက်ကတည်းက အရင်ကထပ်ပိုမိုအေးစက်သွားတဲ့ညီဖြစ်သူရဲ့ပုံစံကို သူအားမလိုအားမရဖြစ်ခဲ့သည်မှာအမှန်ပင်.... သူလည်း မိမိညီဒီလိုအေးစက်သွားတဲ့အကြောင်းအရင်းကိုလည်းသိပြန်ရော အေးစက်မှူကိုဖြိုခွင်းရန်အမျိုးမျိုးကြိုးပမ်းခဲ့ပေမယ့် ကြိုးစားသမျှဟာအချင်းနှီး....အခုလည်း သိပ္ပံစိုက်ပျိုးရေးနည်းပညာအကြောင်းပို့ချပေးရန် ရွာတစ်ရွာဘက်ခရီးထွက်ရပေမည်ဖြစ်သောကြောင့် ညီဖြစ်သူကို စိတ်ပြေလက်ပျောက်လိုက်ခဲ့ရန်လာခေါ်ခြင်းဖြစ်သည်..."ငါရွာတစ်ရွာဘက် ခရီးထွက်စရာရှိတယ်...ငါသိရသလောက်ကတော့ရွာလေးကတော်တော်သာယာတယ်တဲ့ မင်းလည်းစိတ်ပြေလက်ပျောက်လိုက်ခဲ့ပါလား"
"ကျွန်တော်စဉ်းစားလိုက်အုံးမယ်"
"ခရီးသွားဖို့တောင်စဉ်းစားအုံးမယ်တဲ့...မြန်မြန်စဉ်းစားဒါဆိုလဲ...ငါတို့အဖွဲ့ကသဘက်ခါသွားရတော့မှာ"
YOU ARE READING
မထင်မှတ်ထားသောဖူးစာ(မထင်မှတ်ထားသောဖူးစာ)
FanfictionUnicode သူငယ်ချင်းတွေရဲ့ စနောက်မှုအတွက်ရွေးချယ်ခံလိုက်ရရာကနေ မထင်မှတ်ထားစွာဖြစ်တည်လာတဲ့ ဖူးစာလေးတစ်ခု~ (ဒီ fic လေးက ပထမဆုံးစရေးဖူးတာလေးမို့ အရေးအသားရော ဇာတ်သွားရော ဟာကွက်တွေအပြည့်ပေမယ့် အမှတ်တရလေးမို့ပြန် publish လိုက်တာပါ။ ) Zawgyi သူငယ်ချင်းတွေရဲ့...