Unicode
နေကြာပန်းခင်းကြီးအလယ်တွင် ရှောင်းကျန့်ထိုင်၍ငိုင်နေသည်မှာအချိန်တစ်ခုပင်ပြည့်ချေတော့မည်....
"ရှောင်းကျန့်.....ဟေ့ကောင်!"
"ဘာလဲ ကျောချန်းရာ အလန့်တကြား"
"ငါက မင်းထိုင်နေရင်းများ သေသွားပြီမှတ်လို့"
ရှောင်းကျန့်ဘာမှပြန်မပြောပေ
"ဟျောင့် မင်းဘာဖြစ်နေတာတုန်း"
ကျောချန်းကအတည်သဘောဖြင့်မေးလာသည်
"ကျောချန်း"
"ဟင်"
"မင်းသိလား....ငါဒီကိုမရောက်ခင် အိမ်ထောင်ချခဲ့တယ်"
"ဟမ်... အဲ့တာကို ငါတို့လည်းမသိလိုက်ရပါလား"
"အင်း...ဘယ်ဆွေမျိုးမှမသိဘူး အကျဥ်းချုပ်ပြီးလုပ်လိုက်တာလေ"
"Aww...ဒါဆိုမင်းကဘာလို့မင်းရဲ့ဇနီးကိုပြစ်ပြီးဒီမှာလာနေတာလဲ သုံးနှစ်တောင်ရှိပြီကို"
ရှောင်းကျန့်မှာရောက်ကတည်းက ဘာဆိုဘာမှပြောပြခြင်းမရှိခဲ့...မြို့မှာမနေချင်လို့ဒီမှာလာနေတာဆိုတဲ့ အကြောင်းပြချက်တစ်ခုသာပေးခဲ့သည်...ပြီးတော့ ကျောချန်း၏အဖေသည် ရှောင်းကျန့်အမေနှင့်မောင်နှမဖြစ်သည်အလျောက် အခေါ်အပြောသိပ်မရှိခဲ့သည်မှာ ရှောင်းကျန့်အဖေနှင့်အမေ ညားပြီးကတည်းက...ပြောရမည်ဆိုလျှင် သူ့ဦးလေးသည် သူ့အမေနဲ့အဖေကို သဘောမတူခြင်းပင်...ဒါပေမယ့် သူ့ကိုတော့သားအရင်းလိုတကယ်ချစ်သည်။
"ငါလက်ထပ်ခဲ့တာ မိန်းကလေးတစ်ယောက်မဟုတ်ဘူး"
"ဟမ်! မင်းကလည်းနောက်တော့မယ်"
ကျောချန်း ရယ်ကျဲကျဲနှင့်ပြန်ပြောလာသည်။
"ငါကမင်းကို နောက်စရာလား။ တကယ်ငါလက်ထပ်ခဲ့တာ ယောကျာ်းလေးတစ်ယောက် ပြီးတော့ငါတို့ကျောင်းရဲ့စီနီယာ....သူနဲ့က ကံကြမ္မာကပဲဖန်တီးတယ်ပြောရမလား တိုက်ဆိုင်တာလားမပြောတတ်ဘူး ဘာမှန်းမသိလို်က်ပါပဲလက်ထပ်လိုက်ကြရတယ်"
တိမ်တွေကြားပျောက်ကွယ်စပြုနေသော နေမင်းဘက်ကိုငေးကာ နာကျင်စရာအတိတ်တို့ကိုပြောပြနေသောကောင်လေး၏ မျက်ဝန်းများမှာ အဓိပ္ပါယ် မျိုးစုံနဲ့အတူ.....
YOU ARE READING
မထင္မွတ္ထားေသာဖူးစာ(မထင်မှတ်ထားသောဖူးစာ)
FanfictionUnicode သူငယ်ချင်းတွေရဲ့ စနောက်မှုအတွက်ရွေးချယ်ခံလိုက်ရရာကနေ မထင်မှတ်ထားစွာဖြစ်တည်လာတဲ့ ဖူးစာလေးတစ်ခု~ (ဒီ fic လေးက ပထမဆုံးစရေးဖူးတာလေးမို့ အရေးအသားရော ဇာတ်သွားရော ဟာကွက်တွေအပြည့်ပေမယ့် အမှတ်တရလေးမို့ပြန် publish လိုက်တာပါ။ ) Zawgyi သူငယ်ချင်းတွေရဲ့...